CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, July 13, 2015
မယ်မြန်မာသရဖူနဲ့ လွဲချော်ခဲ့သူနှစ်ဦးရဲ့ ပြိုင်ပွဲဝင်အတွေ့အကြုံ
လွန်ခဲ့သည့်နှစ်လ ကတည်းက ဆန်ခါတင် အလှ မယ် ၁၈ ဦးရွေးချယ်ထားသော Miss Myanmar World 2015 ပြိုင်ပွဲဝင်များ၏ နောက်ဆုံးပြိုင်ပွဲ ကို ဇူလိုင် ၁၁ ရက်က ကျင်းပခဲ့ ရာ မန္တလေးသူ ခင်ရတနာသိန်း မြင့်က သရဖူဆွတ်ခူးခဲ့ပြီး အလှ မယ်မော်ရိန်းနှင့် နန်းစန္ဒာလှထွန်း တို့က ဒုတိယနှင့် တတိယဆုတို့ ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ပြိုင်ပွဲ၏ အရှိန်အမြင့်ဆုံးဖြစ် သည့် နောက်ဆုံးဆန်ခါတင်ငါးဦး အဆင့်တွင် ပြိုင်ပွဲဝင်များကို ဗဟု သုတမေးခွန်းများဖြေဆိုစေခဲ့ရာ သရဖူရရှိခဲ့သည့် ခင်ရတနာသိန်း မြင့်တစ်ဦးသာ အကောင်းမွန်ဆုံး ဖြေဆိုနိုင်ခဲ့သည်။
‘‘ညီမက တိုင်းရင်းသူဆို တော့ စကားလုံးတွေစီပြီး သိပ် မပြောတတ်ဘူး။ မေးခွန်းဖြေတဲ့ အချိန်ကျ အဆင်မပြေမှာ ကြောက်နေတယ်။ စကားအရှည် ကြီးပြောလိုက်ရင် မှားသွားမှာစိုး လို့ တိုတိုတုတ်တုတ်ဖြေပြီးထွက် လာတာ၊ နောက်ရောက်ခါမှ ငါ ပြောတာလိုသွားပြီဆိုပြီး ပြန်ဖြစ် သွားတာ’’ဟု 2nd Runner Up ဆုရှင် ရှမ်းတိုင်းရင်းသူ နန်းစန္ဒာ လှထွန်းက ၎င်း၏ပြိုင်ပွဲဝင်အတွေ့ အကြုံကိုပြောကြားသည်။
ထို့အတူ 1st Runner Up ဆုရရှိခဲ့သည့် မော်ရိန်းလူဆန်က လည်း မေးခွန်းဖြေဆိုသည့်ကဏ္ဍ တွင် ဘာသာစကားအားနည်းမှု ကြောင့် ကိုယ့်ကိုယ်ကိုယ်ကျေနပ် မှုမရှိခဲ့ဟု ပြောသည်။ ဆုမကြေ ညာမီအချိန်တွင် ပရိသတ်များ၏ အားပေးမှုကြောင့် စိတ်လှုပ်ရှားခဲ့ ရသော်လည်း လိုအပ်ချက်များရှိ နေ၍ ယင်းအချိန်ကတည်းက ခါးနံပါတ်(၁)အလှမယ်ကိုသာ သရဖူဆုရမည်ဟု ထင်ခဲ့ကြောင်း ကချင်တိုင်းရင်းသူ မော်ရိန်းလူ ဆန်က ၎င်း၏ခံစားချက်ကို ပြော သည်။
‘‘အရင်ကလည်း မော်ဒယ် မလုပ်ပါဘူး။ ဒီပြိုင်ပွဲက မော်ရမ်း ရဲ့ ပထမဆုံးအတွေ့အကြုံပါ။ ဒီပြိုင်ပွဲကနေ စိတ်ဓာတ်ပိုင်းဆိုင် ရာရော၊ အပြောအဆိုပိုင်းမှာရော အများကြီးအတွေ့အကြုံရခဲ့ပါ တယ်’’ဟု ၎င်းက ပြောသည်။
မယ်ကမ္ဘာ(မြန်မာ)အလှမယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက မြန်မာဝတ်စုံ၊ အားကစားဝတ်စုံ၊ ကော့တေး ပါတီဝတ်စုံနှင့် ညနေခင်းဝတ်စုံများဝတ်ဆင်ပြီး ယှဉ်ပြိုင်ခဲ့သည်။ အခြားအလှမယ်ပြိုင်ပွဲ များ၌ ယှဉ်ပြိုင်လေ့ရှိသည့် ရေကူးဝတ်စုံနှင့် ယှဉ်ပြိုင်သော အစီအစဉ်မပါဝင်ခဲ့ခြင်းမှာ ပြိုင်ပွဲကို ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ခြင်းကြောင့်ဖြစ်ကြောင်း အစီအစဉ်တင်ဆက်သူက ပြောကြား သည်။
‘‘ညီမရခဲ့တဲ့ဆုနဲ့ပတ်သက် ပြီးတော့လည်း ညီမဘက်က အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ် အောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ညီမဘက်က လိုအပ်ချက်တွေရှိ နေတာလည်းပါမှာပေါ့။ 2nd Runner Up ဆုရခဲ့တာက ညီမ ကြိုးစားခဲ့တာနဲ့ ထိုက်တန်တာကို ရတယ်လို့ခံယူထားပါတယ်’’ဟု နန်းစန္ဒာလှထွန်းက ပြောသည်။
Miss Myanmar World 2015 ဆုရှင် ခင်ရတနာသိန်းမြင့် သည် မန္တလေးမြို့မှ လာရောက် ယှဉ်ပြိုင်သူဖြစ်ပြီး အသက် (၂၂)အရွယ်ရှိပြီဖြစ်သည်။ ခင်ရတနာ သိန်းမြင့်သည် လာမည့် ဒီဇင်ဘာတွင် တရုတ်နိုင်ငံ၌ပြုလုပ်မည့် (၆၅)ကြိမ်မြောက် Miss World 2015 ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် သွားရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
7day daily
မယ်မြန်မာသရဖူနဲ့ လွဲချော်ခဲ့သူနှစ်ဦးရဲ့ ပြိုင်ပွဲဝင်အတွေ့အကြုံ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 13, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 13, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment