Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 13, 2015

မိဘတွေကြောင့် အိမ်ထောင်မပြုဖြစ်သေးတဲ့ သင်ဇာဝင့်ကျော်က အပျိုကြီး လုပ်ဖို့သေချာနေပြီလို့ ဆို


အချစ်ရေးနဲ့ပတ်သက်ပြီး အပျိုကြီးဖြစ်ဖို့များနေတယ်လို့ပြောလာတဲ့ သင်ဇာဝင့်ကျော်နဲ့တွေ့ဆုံခိုက် သူမရဲ့ အချစ်ရေးကို မေးကြည့်လိုက်တဲ့အခါ "အချစ်ရေးကတော့ ငြိမ်ငြိမ်သက်သက်ပါပဲ။ မစဉ်းစားဖြစ်တာ မဟုတ်ဘူး။ မစဉ်းစားသေးတာပါ။ ဒါပေမဲ့လဲ မစဉ်းစားရင်း မစဉ်းစားရင်းနဲ့ပဲ မစဉ်းစားဖြစ်တော့ဘူးဖြစ်နေတယ်။ သင်ဇာ့ဘ၀မှာ နံပတ် ၁ က သင်ဇာ့မိသားစု၊ နံပတ် ၂ က အလုပ်ပေါ့။ သင်ဇာ့ ပရိသတ်တွေပါ။ သင်ဇာ အပျိုကြီးလုပ်ဖို့လဲ များပါတယ်။ ဘာလို့လဲဆိုတော့ အိမ်မှာ လူလွတ်ဆိုလို့ သင်ဇာတစ်ယောက်တည်း ရှိတာလေ။ အဖေရယ်၊ အမေရယ်ကိုကြည့်ဖို့သင်ဇာပဲရှိတယ်။ သူတို့ကြောင့် အိမ်ထောင်မပြုသေးတာဆိုရင်လဲ ပိုမှန်ပါလိမ့်မယ်။"လို့ သူမက ပြောပြသွားပါတယ်။

ခုနောက်ပိုင်း GYM အရမ်းဆော့ဖြစ်လာတဲ့ သူမက GYM အကြောင်းရော၊ သူမခန္ဓာကိုယ်ပေါ်က သူမရဲ့တက်တူးတွေအကြောင်းကိုတော့ "အခုနောက်ပိုင်း GYM အရမ်းဆော့ဖြစ်တယ်။ စိတ်လဲအပန်းပြေတယ်။ သက်လုံလဲကောင်းတယ်။ ကိုယ်ကိုတိုင်လဲ ကျန်းမာတယ်။ အမြဲတမ်းဆော့ဖြစ်တာ ကတော့ Balance 2 မှာပါ။တက်တူးကိုတော့ သင်ဇာအရမ်း ခရေစီဖြစ်တယ်။ ကိုယ်ကြိုက်ရင် ထိုးသာထိုး အားပေးတယ်။ သင်ဇာလဲ တက်တူးထိုးတာ ၀ါသနာပါတယ်လေ။ သင်ဇာထိုးထားတဲ့အထဲမှာ အနုပညာနဲ့ ပတ်သက်တာ မပါဘူး။ ဒီတိုင်း အလွတ်ထိုးတာပါ။"လို့ သူမက ဖွင့်ဟသွားပါတယ်။

ခုလတ်တလောမှာ သင်ဇာဝင့်ကျော်ဟာ ဒါရိုက်တာသားကြီး ရိုက်ကူးတဲ့ "ပါးတစ်ချက်ထောင့်ငါးရာ"ဆိုတဲ့ကားကို မင်းသား ညီထွဋ်ခေါင်နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။


TrendMyanmar

No comments:

Post a Comment