CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, July 13, 2015
ဖေ့စ်ဘွတ်ခ်မှ ခင်မင်မှုကို ယုံလွယ်ခဲ့သည့် ဆယ်ကျော်သက်မိန်းကလေး ပျောက်ဆုံးနေ
ဖေ့စ်ဘွတ်ခ်ပေါ်တွင် တွေ့ခဲ့ရသော လူတစ်ဦးကို လိုက်ရှာရန် အာဖရိကတိုက်သို့ ထွက်သွားခဲ့သည့် အမေရိကန် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးမှာ ပျောက်ဆုံးနေမည်ကို စိုးရိမ်နေရပြီး၊ ၎င်းကို ရဲတပ်ဖွဲ့က လိုက်ရှာနေရသည်။
အသက်(၁၇)နှစ်အရွယ် ရီဘက်ကာ အာသာဆိုသူ ထိုဆယ်ကျော်သက်မိန်းကလေးမှာ မော်ရိုကိုသို့ အင်္ဂါနေ့က လေယာဉ်ပျံဖြင့် ထွက်သွားခဲ့ပြီးနောက် အသက်အန္တရာယ်နှင့် ပျောက်ဆုံးမည့် အန္တရာယ်ကို စိုးရိမ်နေရခြင်းဖြစ်သည်။ ကွန်နက်တီကပ်မြို့မှ ထိုမိန်းကလေးသည် ကာဆာဘလန်ကာတွင် ဆင်းခဲ့ပြီးနောက် မိဖင်ဖြစ်သူထံ နယူးယောက်ရှိ ဂျေအက်ဖ် ကေလေဆိပ်မှ ထွက်သွားကြောင်း အကြောင်းကြားခဲ့သည်ဆိုသည်။
၎င်းသည် ကယ်လီဖိုးနီးယားတွင် သူငယ်ချင်းတစ်ဦးထံသွားမည်ဆိုကာ လိမ်ညာပြီး ထွက်သွားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် အွန်လိုင်းတွင် ဆီမိုအယ်လ် အက်ဒလာ ဆိုသည့် အမျိုးသားတစ်ဦးကို လူကိုယ်တိုင် တွေ့ဆုံရန် မော်ရိုကိုသို့ ထွက်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
၎င်းတို့ နှစ်ဦးဆက်စပ်မှုကို ၎င်းတို့ ဖေ့စ်ဘွတ်ခ်စာမျက်နှာများ၏ ကာဗာဓာတ်ပုံ နေရာများတွင် တွေ့ရ၍ ထိုသို့ ယူဆခြင်း ဖြစ်ကြောင်း ရဲကဆိုသည်။ လက်ရှိတွင် ရွှေရောင်ဆံပင်နှင့် ထိုဆယ်ကျော်သက်မိန်း ကလေးကို အက်ဖ်ဘီအိုင်နှင့် အမေရိကန် အမိမြေလုံခြုံရေးဌာနတို့က သက်ဆိုင်ရာ ရဲတပ်ဖွဲ့များအား ကူညီရှာဖွေပေးရန် မေတ္တာ ရပ်ခံထားသည်။ သူမသည် အရပ်(၅)ပေ၊ ကိုယ်အလေးချိန် ပေါင်(၁၅၀)နှင့် အနီရောင်ဆံပင်များရှိသည်ဟု ရဲက ထုတ်ပြန်ထားသည်။
messenger news journal
ဖေ့စ်ဘွတ်ခ်မှ ခင်မင်မှုကို ယုံလွယ်ခဲ့သည့် ဆယ်ကျော်သက်မိန်းကလေး ပျောက်ဆုံးနေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 13, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 13, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment