CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 23, 2015
ဦးအောင်သောင်းကွယ်လွန်ခြင်း ၀မ်းနည်းကြောင်းအဆို လွှတ်တော်တွင် တင်သွင်းအတည်ပြု၊ ၂ မိနစ်ငြိမ်သက် မေတ္တာပို့
ယနေ့ ဇူလိုင် ၂၃ ရက်တွင် ကျင်းပသော ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂) ကြိမ်မြောက်ပုံမှန် အစည်းအဝေး ၈၀ ရက်မြောက်နေ့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအတိုင်ပင်ခံ ပြည်သူ့လွှတ်တော် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ
ဦးအောင်သောင်း ကွယ်လွန်ခြင်း ၀မ်းနည်းကြောင်း အဆိုကို အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက တင်သွင်းခဲ့သည်။
ဦးအောင်သောင်းသည် စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံတွင် ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၃ ရက် ကြာသပတေးနေ့ ဒေသစံတော်ချိန် နံနက် ၉း၄၅ နာရီအချိန်၌ ကွယ်လွန်အနိစ္စရောက်ခဲ့ခြင်း ဖြစ်သည်။
“ ‘မန္တလေးတိုင်းဒေသကြီးတောင်သာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ဘဏ် များနဲ့ ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ သီရိပျံချီဦးအောင်သောင်းသည် စင်ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူရင်း ၂၃-၇-၂၀၁၅ ရက်နေ့ စင်ကာပူစံတော်ချိန် နံနက် ၉း၄၅ နာရီ၊ မြန်မာစံတော်ချိန် နံနက် ၈း၁၅ နာရီအချိန်တွင် ဘ၀တပါးသို့ ကူးပြောင်းကွယ်လွန်သွားပါသဖြင့် အထူးဝမ်းနည်းကြောင်းကို ဤလွှတ်တော်က မှတ်တမ်းတင်ပေးရန် အဆိုတင်သွင်းမှာဖြစ်ပါကြောင်း`ပြောကြားပြီး ကိုယ်ရေးအတ္ထုပ္ပတ္တိကို ဖတ်ကြားခဲ့သည်။
`အဘဦးအောင်သောင်းဟာ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်၊ ကျောက္ကာရွာဒေသ ဇာတိဖြစ်ပြီး ၁၉၆၂ ခုနှစ်မှာ မန္တလေးတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပါကြောင်း၊ အထက်တန်းပြ ဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၄ ခုနှစ် မှော်ဘီဗိုလ်သင်တန်း အမှတ်စဉ် (၃၁)သို့ တက်ရောက်ခဲ့ပြီး တပ်မတော်တွင် စတင်တာဝန်ထမ်း ဆောင်ခဲ့ပါကြောင်း၊ ခ.လ.ရ (၉၅)၊ ခ.လ.ရ (၆၇)၊ တ.မ.ခ (၆၆)၊ ခ.မ.ရ (၁၀၉)၊ ကစတ (၁)၊ ခ.လ.ရ (၇)၊ ရ.ပ.က၊ လ.ပ.ကတပ်များတွင် တပ်ရင်းမှူး၊ ဗျူဟာမှူးအဆင့်ထိလည်းကောင်း၊ ၁၉၉၁ ခုနှစ်တွင် မကွေးတိုင်း တ.၀.တ ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။`
‘၁၉၉၃ ခုနှစ်မှစ၍ ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ၁၉၉၆ ခုနှစ်တွင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးအဖြစ်လည်းကောင်း၊ ၁၉၉၇ ခုနှစ်မှစ၍ ၂၀၁၀ ပြည့်နှစ်အချိန်ထိ စက်မှု (၁)၀န်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ရင်း ပြည်ခိုင်ဖြိုးအသင်းမှာ ဗဟိုအတွင်းရေးမှူးတာဝန်နှင့် ကချင်ပြည်နယ်နှင့် မန္တလေးတိုင်း တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ နောက်ဆုံးကွယ်လွန်ချိန်အထိ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။’
‘၂၀၁၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် တောင်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် မဲဆန္ဒရှင်ပြည်သူတို့၏ တခဲနက်ထောက်ခံမှုဖြင့် လွှတ်တော်တွင် ရောက်ရှိလာပြီး ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌအဖြစ်နှင့် လွှတ်တော်က အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ကျန်းမာရေးအရ ဆေးရုံသို့မရောက်ခင်အချိန်ထိ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။’
‘သို့ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီး တောင်သာမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ သီရိပျံချီ အဘဦးအောင် သောင်းသည် ဘ၀တပါးသို့ ကူးပြောင်းကွယ်လွန်ခြင်းအတွက် အထူးဝမ်းနည်းကြောင်း ဤပြည်ထောင်စုလွှတ် တော်ကြီးက မှတ်တမ်းတင်ပေးပါရန်’
”ဟု ဦးသိန်းထွန်းဦး က အဆိုကို ဖတ်ကြားခဲ့သည်။
ထို့နောက် မြင်းခြံမဲဆန္ဒနယ်အမတ် ဦးဝင်မြင့်က “အဘဦးအောင်သောင်း ဘ၀တပါးသို့ ယနေ့နံနက်မှာ ပြောင်းရွှေ့ကွယ်လွန်သွားတဲ့အတွက် ဤလွှတ်တော်မှဝမ်းနည်းကြောင်း မှတ်တမ်းတင်ပေးပါရန်အဆိုကို ထောက်ခံတင်ပြအပ်ပါတယ်”ဟု ထောက်ခံဆွေးနွေးခဲ့သည်။
လွှတ်တော်နာယကကြီး သူရဦးရွှေမန်းက လွှတ်တော်သဘောထား ၃ ကြိမ်မေးမြန်းပြီး ကန့်ကွက်သူမရှိသဖြင့် အတည်ပြုပေးခဲ့သည်။
ထို့နောက် ၀မ်းနည်းကြောင်းအထိမ်းအမှတ်အဖြစ် လွှတ်တော်ကိုယ်စားလှယ်များအာလုံး ၂ မိနစ်ကြာ မတ်တပ်ရပ်၍ ငြိမ်သက်မေတ္တာပို့ခဲ့ကြကြောင်း သိရသည်။
ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကာမအားတိုးဆေးသုံး၍ လိင်ဆက်ဆံသူ အိပ်ယာပေါ်တွင် သေဆုံး - 7/21/2015
၂၀၁၀ ခုနှစ်က ၀တ်လစ်စလစ် ဓါတ်ပုံတစ်ပုံကို Kim Kardashian ပြန်လည် ဝေမျှ - 7/21/2015
Brad Pitt က တိရိစ္ဆာန်ညှင်းပမ်းနှိပ်စက်မှုအတွက် Costco ကို အပြင်းအထန်ဝေဖန်ခဲ့ပါတယ် - 7/21/2015
ချစ်သူနဲ့ ပတ်သက်ပြီး အကြိုက်ဆုံး အချက်နဲ့ မကြိုက်ဆုံး အချက်တွေကို ပြောပြလာတဲ့ ကောင်းပြည့် - 7/21/2015
မိချောင်းတစ်ကောင်နဲ့ လိင်ဆက်ဆံမှုအတွက် လူတစ်ဦး အဖမ်းခံရ - 7/21/2015
မှတ်ပလားဟ
ဦးအောင်သောင်းကွယ်လွန်
မြန်မာ FBR အီရတ်က IS ကို တိုက်ခိုက်
တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲရေး စာချုပ်ကို (၈) ကြိမ်မြောက် ဆွေးနွေးပွဲ၌
အပြီးသတ် လက်မှတ်ထိုးနိုင်ရန် နှစ်ဖက် ခေါင်းဆောင်များ ဆန္ဒရှိ
အိမ်ေမွးခွေးနဲ့ ပြန်လက်ထပ်တော့မယ့် အမျိုးသမီး
ဟောင်ကောင်လေဆိပ်မှာ ဒေါ်လာ 10 သန်း ပျောက်ဆုံး
အဖမ်းဆီးခံ အမေရိကန် ၄ ဦး ပြန်လွှတ်ပေးဖို့ အိုဘားမား အီရန်ကိုတောင်းဆို
ဦးအောင်သောင်းကွယ်လွန်ခြင်း ၀မ်းနည်းကြောင်းအဆို လွှတ်တော်တွင် တင်သွင်းအတည်ပြု၊ ၂ မိနစ်ငြိမ်သက် မေတ္တာပို့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 23, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment