
အချစ်ရေးနဲ့ပတ်သက်ပြီး လူမှုကွန်ယက်ပေါ် သိပ်မတင်တာဖြစ်တာကိုတော့ "သိပ်မတင်ဖြစ်တာက ဒီအကြောင်းအရာတစ်ခုကို ကျန်တဲ့သူတွေကို တင်ပြဖို့မလိုဘူးလို့ ကျွန်တော်ထင်တယ်။ အဓိက က သက်ဆိုင်တာ ကနှစ်ယောက်တည်းဖြစ်တဲ့ အတွက် တစ်နှစ်ပြည့်ပြည့်၊ နှစ်နှစ်ပြည့်ပြည့် နှစ်ယောက်ထဲပဲ ကျင်းပမယ်။ မပြောပြဘူးဆိုတာက ဘာရယ်ကြောင့်မှ မဟုတ်ဘူး။ ဒီလိုမျိုး ဖေ့စ်ဘွတ်ခ်ပေါ်တွေမှာ ပြောပြတင်ပြရတာလဲ ကျွန်တော် ၀ါသနာမပါဘူး။ ကျွန်တော် ခံယူထားတာကတော့ ဒီလိုတင်တာက ဘယ်သူ့ကိုပြောချင်တာလဲ။ ဘာကြောင့်ပြောချင်တာလဲ။ မလိုဘူးလို့တော့ ကျွန်တော်ကတော့ မြင်ပါတယ်။ ၃နှစ်တော့ပြည့်သွားပြီ။ နောက်ဆုံး အချစ်လားဆိုတော့ အဲ့ဒီလိုတော့ ပိတ်မပြောတတ်ဘူး။ ကျွန်တော့် ကံတရားက ဘယ်လိုလာမလဲ မသိသေးဘူးလေ။ ဒါပေမဲ့ ဖြတ်သန်းနေတဲ့ အချိန်မှာတော့ အကောင်းဆုံး၊ အေးဆေးဆုံးနဲ့ အဆင်ပြေဆုံးနေတယ်။ သူနဲ့ပတ်သက်ပြီး အကြိုက်ဆုံးအချက်ကိုပြောရရင် အစပိုင်းတုန်းက အရမ်း သည်းခံပေးခဲ့တယ်။ အဲ့ဒါအကြိုက်ဆုံးအချက်။ မကြိုက်ဆုံး အချက်ကတော့ အခုနောက်ပိုင်း အဲ့ဒါမျိုး လုံးဝမရှိတော့တာပါ"တဲ့။
ကောင်းပြည့်ဟာ လက်ရှိမှာ Run ဆိုတဲ့ အက်ရှင်ရိုမန့်စ်ဇာတ်ကားကို နန်းဆုဦးနဲ့အတူ ဖဲသမားလူငယ်တစ်ယောက်ပုံစံ ပါဝင်သရုပ်ဆောင်နေပြီး ဆက်လုပ်သွားမဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ "အခု ဒီကားလေးပြီးရင် ပုဂံမှာ ကပ္ပိယဆိုတဲ့ ရုပ်ရှင်ကားကြီးကို ကိုပြေတီဦး ၊ ဒါရိုက်တာ ကိုဇော်နဲ့ သွားရိုက်ဖို့ရှိတယ်။ ကားကြီးဆိုရင်တော့ ကိုညိုနဲ့ညစာဆိုတဲ့ ကားကြီးတစ်ကား ရိုက်ထားတယ်။ နောက်ပြီး သူငယ်ချင်း ယောက္ခမဆိုတဲ့ ကားကြီး ရိုက်ထားတယ်။ ခုကပ္ပိယဆိုတဲ့ ကားကြီးရှိမယ်။ ကားကြီးကနောက်ထပ်ရိုက်ဖို့လဲ ရှိပါသေးတယ်။" လို့သူက ပြောပြခဲ့ပါတယ်။
No comments:
Post a Comment