Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 21, 2015

Brad Pitt က တိရိစ္ဆာန်ညှင်းပမ်းနှိပ်စက်မှုအတွက် Costco ကို အပြင်းအထန်ဝေဖန်ခဲ့ပါတယ်




မင်းသားလည်းဖြစ် လူသားမျိုးနွယ်အကျိုးပြုဝါဒီတစ်ဦးလည်းဖြစ်သူ Brad Pitt က ပိတ်လှောင်မွေးမြူထားတဲ့ တိရိစ္ဆာန်တွေရဲ့ ဥတွေကို ဖြန့်ချိရောင်းချနေတဲ့ Costco ကို ဆန့်ကျင်ရှုံ့ချကြောင်း ပြောကြားခဲ့ပါတယ်။

Costco CEO, Craig Jelinek ဆီကို  စာလွှာပေးပို့ပြီး မွေးမြူရေးကြက်တွေထံမှ ကြက်ဥတွေကို ရောင်းချနေမှုအပေါ် ကုမ္ပဏီအား အားမပေးကြောင်း ရေးသားပြောဆိုခဲ့ပါသတဲ့။

စာထဲမှာ Pitt က ဖြန့်ချိရောင်းချတဲ့ ဆိုင်တွေအတွက် ဥ ဥပေးဖို့ အသက်ရှင်နေကြရတဲ့ ကြက်တွေရဲ့ “ ဆိုးရွားလှတဲ့အခြေအနေ” တွေကို အသေးစိတ်ဖော်ပြထားပါတယ်။

“နှစ်ပေါင်းများစွာ လှုပ်ရှားမှုမရှိတော့တဲ့အတွက် ကြက်ငှက်တွေဟာ သူတို့ရဲ့ ကြွက်သားတွေနဲ့ အရိုးတွေ ကြုံလှီအားပျော့သွားတဲ့ ရောဂါကိုခံစားနေကြရပါတယ်။ လှောင်အိမ်ကြက်ခြံတွေထဲမှာ အတင်းထိုးသိပ်ထည့်ထားတဲ့ ကြက်တွေဟာ သူတို့ရဲ့ဘ၀တစ်လျှောက်လုံး ဒီလိုပဲနေသွားရတာဟာ တိရိစ္ဆာန်တွေအပေါ် ရက်စက်လွန်းလှပါတယ်” လို့ သူကမှတ်ချက်ပေးတားပါတယ်။

Farm Sanctuary မှာရှိတဲ့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ တိရိစ္ဆာန်ထိန်းသိမ်းကာကွယ်သူတွေကိုယ်စား လူကြီးမင်းတို့ရဲ့ ကြက်ခြံကျဉ်းကျဉ်းလေးထဲမှာ ထည့်ထားတဲ့ကြက်ငှက်တွေဆီက ကြက်ဥတွေရောင်းချနေမှုကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုရခြင်းဖြစ်ပါတယ်။

Costco မှ Ryan Gosling, Bill Maher နဲ့အခြားသူတွေကို လှောင်ချိုင့်အတွင်းမှ လွတ်လပ်တဲ့ ကြက်ဥတွေရောင်းချပေးဖို့ အရေးတကြီး တိုက်တွန်းနေတာဖြစ်ပါတယ်” လို့ မင်းသားက အသေးစိတ်ဖော်ပြထားပါသတဲ့။

Trevor Neilson, Pitt ရဲ့ လူသားရေးရာနဲ့ နိုင်ငံရေးအကြံပေး က, ABC News သတင်းဌာနကို “ Brad ဟာ တရားမျှတမှုကို မြတ်နိုးချစ်ခင်သူတစ်ဥိးဖြစ်ပြီး သူ့ရဲ့အောင်မြင်ကျော်ကြားမှုကို တတ်နိုင်သလောက် အကောင်းဆုံး အသုံးချပြီး အကျိုးပြုလုပ်ငန်းတွေ လုပ်ချင်တဲ့သူပါ။ ပြီးတော့ ကိစ္စတွေအားလုံးကိုတော့ သူတစ်ယောက်ဖြေရှင်းနိုင်တယ်လို့ တွေးမထားပေမယ့် တစ်ထောင့်တစ်နေရာကတော့ တတ်နိုင်သမျှပါဝင်ပေးချင်တဲ့သူ ဖြစ်ပါတယ်” လို့ ပြောကြားထားပါတယ်။

Pitt ရဲ့စာလွှာနဲ့ပတ်သက်ပြီး Costco ဘက်က တရားဝင်တုန့်ပြန်ချက် တစ်စုံတစ်ရာ မထွက်ရှိခဲ့ပါဘူး။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment