CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, July 12, 2015
၁၁နှစ် ကြာသည်ထိ မပုပ်သွားတဲ့ ရုပ်ကလပ်တော်စံရာ စဥ့်ကျောင်းတော်
ရှမ်းပြည်နယ်သို့ အပန်းဖြေ ခရီးထွက်ရာ တိုးဂိုက်မှ ပင်းတယမြို့ရှိ စဥ့်ကျောင်းတော်ရှိရာသို့ လိုက်လံပို့ဆောင်ပေးပါတယ်။ စဥ့်ကျောင်းတော် အဆောက်အဦးမှာ ဆန်းပြားလှပပြီး နိုင်ငံခြားသားခရီးသွားများပါ လာရောက်လေ့လာကြသည်ကို တွေ့ရှိခဲ့ရပါတယ်။
စဥ့်ကျောင်းတော်၏ အလယ်ဗဟိုတည့်တည့်တွင် မှန်တလားတစ်ခုရှိပြီး ရဟန်းတစ်ပါး၏ ရုပ်ကလပ်တော်ကို ပကတိဖူးတွေ့ရပါတယ်။ ရဟန်းတော်၏ ရုပ်ကလပ်ရှိ ဦးခေါင်းထက်မှဆံပင်များ၊ လက်သည်း၊ ခြေသည်းများမှာ ဆက်လက်ရှည်လာတတ်၍ ညှပ်ပေးရကြောင်းလည်း သိခဲ့ရပါတယ်။ ရဟန်းတော်၏ ဘွဲ့အမည်မှာ ဦးတေဇနိယ ဖြစ်ပြီး ကုံလုံဆရာတော် အဖြစ် လူသိများပါတယ်။
ကုံလုံဆရာတော်လောင်းလျာအား တမဲကျေးရွာ၊ ပင်းတယမြို့နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၁၉၀၈၊ ဧပြီလ၊ ၄ရက်နေ့တွင် မွေးဖွားပါတယ်။ ၁၃နှစ်သားအရွယ်တွင် ဦးအောင်နှင့် ဒေါ်ပိုတို့မှ ပစ္စည်းလေးပါးဒယကာ ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။ အသက် ၂၀ အရွယ်တွင် ရဟန်းခံခဲ့ပြီး ဒါယကာများမှာ - ပဉ္ဇင်းဘကြွေ၊ ဒေါ်ဆွေ၊ ဦးဘိုးနီ၊ ဒေါ်လန်း နှင့် ဒေါ်အမာ တို့ဖြစ်သည်။သက်တော် ၉၆ နှစ်၊ ဝါတော် ၇၆ ဝါ အရောက် ၂၀၀၄၊ ဇန်နဝါရီလ၊ ၃၀ရက်နေ့တွင် ဘဝနတ်ကျောင်းပြောင်းရွှေ့တော်မူသည်။
ဆယ်နှစ်ကျော်ကြာသည်အထိ ဆေးပညာများ အသုံးမပြုဘဲ မပုပ်မသိုးဘဲ ဖူးတွေ့ရသည်မှာ ထူးခြားဆန်းကြယ်လှပါပေတယ်။
Stacy Chan (ရိုးရာလေး)
၁၁နှစ် ကြာသည်ထိ မပုပ်သွားတဲ့ ရုပ်ကလပ်တော်စံရာ စဥ့်ကျောင်းတော်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 12, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 12, 2015
Rating: 5
Subscribe to:
Post Comments (Atom)




No comments:
Post a Comment