Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 12, 2015

တုနှိုင်း မမှီတဲ့ မိဘ မေတ္တာ




အဖေ ကူလီ ကုန်ထမ်းဆိုပေမယ့် သားက ပညာထိပ်တန်းရောက်ခဲ့ပြီ

ဇာတ်လမ်းအစကFBပေါ့--------------
ဟလို--ဆရာဦးဝင်းမြိုင်သန်းလားခဗျ-- ကျနော် သူငယ်ချင်းကပြောလို့ပါဆရာ
ဆင်းရဲပြီး ထူးချွန်တဲ့ကလေးတွေကိုဆရာနဲ့ ဗိမာန်ရှင်က ဒေါက်တာကျော်စိုးတို့က
အကူအညီပေးနေတယ်ဆိုလို့ကျနော်အကူအညီတောင်းတာပါခင်ဗျတဲ့ဗျာ-------
ဟုတ်ပြောပါခင်ဗျာ----
ကျနော်က ပခုက္ကူမြို့နယ် သရက်တောရက်ကွက်က (မြစ်ချေအနီး) ကိုဖိုးထူးပါ ကျနော်က
ကူလီ ကုန်ထမ်းအလုပ်လုပ်ပါတယ် ကျနော်မိန်းမက ကွမ်းယာရောင်းပါတယ်ခင်ဗျ
အခုကျနော့်သားလေးမောင်ဝေဖြိုးအောင်ဟာအထက/မြစ်ချေက ငါးဘာသာ ဂုဏ်ထူးနဲ့
အမှတ်ပေါင်း ၅၂၇ မှတ်ရပါတယ် ဆရာ
ဟုတ်ကဲ့ပြောပါကိုဖိုးထူး-----
ဆရာ   ကျနော့်သားလေးကျောင်းမထားနိုင်လို့ ကျနော့်ကို အကူအညီပေးပါဆရာ
တဲ့ဗျာ---- ကျနော်လည်းတစ်ခါလာအွန်လိုင်းတစ်ခါလာအွန်လိုင်းနဲ့ အားနာလာပြီဗျ----
အဒါနဲ့ အရင်ကျောင်းသားလေးတုန်းကအဆက်အသွယ်တွေနဲ့ ချိတ်ဆက်ခဲ့ရာ
ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်မောင်ကြည်+ ဒေါ်သန်း
သန်းဌေး မိသားစုမှ မောင်ဝေဖြိုးအောင်အတွက်ကျောင်းပြီးသည်အထိ အစစအရာရာ တာဝန်
ယူသွားကြောင်း နှင့် ကျောင်းသားလေးအားချီးမြှင့် ထောက်ပံ့ ချင်ပါတယ်ပြောကြသော ကုသိုလ်ရှင်များ
အတွက် ကူလီ ကုန်ထမ်း ပြီး ခြေလက်အင်္ဂါချို့ ယွင်းသော်လည်း သားအတွက် ပေးဆပ်ခဲ့သော အဖေ
တစ်ယောက်အကြောင်း အဆုံးသတ်ပါရစေ။
ဆရာဦးဝင်းမြိုင်သန်း
ပဲ့ကိုင်ရှင် ဘော်ဒါ၊ ကျောင်းတော်ရာ
ဖုန်း- 09798508710
ကိုဖိုးထူး + ဒေါ်ကြည်ကြည်ဝင်း
သရက်တောရပ်ကွက်
ဖုန်း 09799099893


Lwin Oo

No comments:

Post a Comment