CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, July 16, 2015
၀၀ဖြိုးဖြိုးအလှတိုးဖို့ စားသင့်တာတွေ
ကျန်းမာဝဖြိုးပြီး အလှတိုးဖို့ ကြိုးစားနေကြတဲ့ ပိန်သူတွေဘယ် လိုအစားအသောက်တွေ စားပေး သင့်သလဲသိထားရအောင် ဖော် ပြပေးချင်ပါတယ်။ ပိန်လွန်းတဲ့အ တွက် ပေါင်မပြည့်ဘဲကျန်းမာရေး ချူချာတယ်ဆိုရင်တော့ ဒီလိုစူပါ အစားအစာတွေက ကူညီပေးနိုင် တာကြောင့် သေချာမှတ်ထားဖို့ လိုပါလိမ့်မယ်။
မနက်ခင်းစာပေါင်မုန့်ထော ပတ်သုတ်စားမယ်ဆိုရင် ထော ပတ်အပြင်၊ မြေပဲထောပတ်က လည်း ပရိုတိန်းပြည့်ဝတာကြောင့် မကြာမကြာစားပေးနိုင်ပါတယ်။ တစ်ခုသတိထားရမှာက မြေပဲနဲ့ ဓာတ်မတည့်သူတွေတော့ မစမ်း သပ်သင့်ပါဘူး။ ကြက်ဥမှာ ဗီတာ မင်အေ၊ ဒီ၊ အီးပါဝင်တဲ့အပြင် သင့်တင့်တဲ့ ကိုလက်စထရော ပမာဏလည်းရနိုင်တာကြောင့် စားပေးသင့်သလို ပေါင်မုန့်ကြက် ဥနဲ့ တွဲစားပေးတာမျိုးလည်း လုပ် နိုင်ပါတယ်။
ပြောင်းဖူးပေါင်မုန့်ကို အနှစ် ပါတဲ့ဟင်းတစ်မျိုးမျိုး၊ ဟင်းချို ရည်ပျစ်ပျစ်တို့နဲ့ စားတာမျိုးလုပ် နိုင်သလို ဒိန်ခဲအမျိုးမျိုးကို နေ့စဉ် အစားအစာထဲမှာ ထည့်စားခြင်း ကလည်း ကိုယ်အလေးချိန်တက် စေပါတယ်။ သကြားနဲ့တခြားအာ ဟာရဓာတ်တွေပါတဲ့ အသီးဖျော် ရည်တွေနဲ့ လတ်လတ်ဆတ်ဆတ် သစ်သီးကို ချိုချိုလေးဖြစ်အောင် ဖျော်ထားတဲ့ ဖျော်ရည်တွေက လည်း အထိုက်အလျောက်ကိုယ် အလေးချိန်တိုးစေတယ်လို့ဆိုပါ တယ်။
ပါစတာတို့၊ ပီဇာတို့လိုချိစ် များများ၊ ခရင်မ်များများ၊ အသီး အရွက်၊ အသားပါတဲ့အစားအစာ တွေက ကယ်လိုရီများများပါတာ ကြောင့် မကြာမကြာစားတာမျိုး လုပ်နိုင်ပါတယ်။ အချိုကဲတဲ့ သစ် သီးခြောက်တွေဆိုရင်လည်း ကယ် လိုရီလည်းတက် အာဟာရလည်း ဖြစ်စေတာကြောင့် ၀ချင်သူတွေ ဆိုရင်တော့ လတ်လတ်ဆတ် ဆတ် အသီးတွေထက် အသီး ခြောက်တွေ ပိုစားသင့်ပါတယ်။
မနက်စာတွေမှာ အာဟာရ ပြည့်ပြည့်၀၀စားချင်ရင်တော့ အ မျှင်ဓာတ်နဲ့ အာဟာရဓာတ်ပြည့် ၀တဲ့ အုတ်ဂျုံမှုန့်ကို တစ်ပန်းကန် လောက်ကျိုပြီးစားသင့်ပါတယ်။ ဖြည့်စွက်အနေနဲ့ ငှက်ပျောသီး လေးပါစားပေးနိုင်ပါသေးတယ်။
အသီးအရသာအမျိုးမျိုးနဲ့ ထုတ်ထားတဲ့ အဆီမပါဒိန်ချဉ် တွေဟာလည်း ၀ိတ်တက်ချင်သူ တွေရော၊ ၀ိတ်ကျချင်သူတွေရော စားပေးနိုင်ပါတယ်။ နောက်ပြီး ကျန်းမာရေးအတွက် လိုအပ်တဲ့ အဆီဓာတ်ရဖို့က သံလွင်ဆီတို့၊ ပဲဆီတို့ စားပေးနိုင်ပါတယ်။ဒါ့အ ပြင် ဆန်လုံးညို၊ ပဲအမျိုးမျိုး၊ သစ် စေ့သစ်ဆန်၊ အာလူး၊ ပဲပိစပ်တို့ ကလည်းသင့်တော်သလို ဆယ်လ် မွန်၊ တူနာ၊ ပုစွန်၊ ကြက်ရင်အုံ စတာတွေကိုလည်း စားပေးနိုင် တာကြောင့် ၀ချင်သူတွေအနေနဲ့ ကိုယ်နဲ့လက်လှမ်းမီတဲ့ အစား အစာတွေ ပြောင်းလဲစားပေးရင်း ၀ိတ်တက်ဖို့အရေး ကြိုးစားကြည့် သင့်ကြောင်းပါ။
Ref:wellnessbin
http://www.7daydaily.com/story/42002
၀၀ဖြိုးဖြိုးအလှတိုးဖို့ စားသင့်တာတွေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 16, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 16, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment