ဆေးလောက၌ ဆေးဘက်ဝင်သက်ရှိသတ္တ၀ါတို့၏
ရုပ်ကြွင်းဆေးပစ္စည်းများဖြစ်ကြသည့်သွေး၊ အရိုး ၊အစွယ်၊ သည်းခြေစသည်တို့အနက်
အလွန်ထက်မြက်ပြီး စွမ်းရည်သတ္တိအမျိုးမျိုးတို့နှင့် ပြည့်စုံဆုံးသော
ပစ္စည်းမှာ စပါးကြီးသည်းခြေပင်ဖြစ်ပေသည်။
ထိုစပါးကြီးသည်းခြေသည် သက်ရှိတို့၏ သည်းခြေတကာတို့တွင်
စွမ်းရည်ပြည့်ဝစွာပါရှိသော သည်းခြေဖြစ်ပေသည်။
သည်းခြေဟူသမျှတို့သည် အစ၊အလယ်၊ အဆုံး (၃)ပါးလုံး၌ ခါးကြသည်သာဖြစ်သည်။
စပါးကြီးသည်းခြေသည်ကား အစ၌
ခါးသောအရသာရှိသော်လည်း ခါးပြီးသည့်နောက်၌ ချိုသောအရသာကို
ထူးခြားစွာတွေ့ရှိရလေသည်။
ထိုသည် စပါးကြီးသည်းခြေ၏ အရသာအနေဖြင့်
သည်းခြေတကာတို့ထက် ထူးခြားခြင်းဖြစ်ပေသည်။
ပုံသဏ္ဍာန်အနေဖြင့်လည်း စပါးကြီးသည်းခြေသည်၊ သည်းခြေတကာတို့ထက်
ထူးခြားလေသည်။
အခြားသော သည်းခြေများသည် အခွံထူထဲပြီးအိတ်သဏ္ဍာန်ရှိကြသော်လည်း စပါးကြီးသည်းခြေကား
အလွန်ပါး လွှာသောအခွံ၏တွင်း၌သည်းခြေရည်သည် ပျံ့နှံ့ပြီးတည်နေလေသည်။
မည်သည့်အခါမှသိုးခြင်း၊ ပုပ်ခြင်းမရှိ သည်ကို တွေ့ရလေသည်။
အလွန်ထူးခြားသောအချက်တစ်ချက်မှာ လဆန်း စ ရက်များနှင့် လပြည့်ကျော် စ ရက်များတွင်
အစိုပြန်လာခြင်းပင်ဖြစ်ပေသည်။
ထိုဆိုခဲ့သော အရောင်အဆင်းပုံသဏ္ဍာန်အရသာ၏ထူးခြားချက် များသည် အစစ်ဖြစ်သော စပါးကြီး
သည်းခြေ၏မှတ်သားဖွယ်သင်္ကေတများဖြစ်ပေသည်။
ထိုစပါးကြီးသည်းခြေ ၏ စွမ်းရည်သတ္တိထူးဖြင့်
အသုံးပြုနိုင်သောရောဂါအချို့ကို ဖော်ပြလိုပါသည်။ ထိုရောဂါများမှာ -
(၁) မျက်စိရောဂါ
(၂) ခံတွင်းနှင့် လည်ချောင်းရောဂါ
(၃) သွားရောဂါ
(၄) နားရောဂါ
(၅) နှာခေါင်းရောဂါ
(၆) အရိုးစူး အရိုးမျက်သောရောဂါ
(၇) လေငန်းရောဂါ
(၈) သူငယ်နာ အတက်ရောဂါ
(၉) ဆီး ရောဂါ တို့ဖြစ်ကြသည်။
(၁) မျက်စေ့ ရောဂါ
မျက်စေ့နှင့်ပတ်သက်သော မျက်စေ့နာခြင်း၊ မျက်စေ့ကျိန်းခြင်း၊
မျက်စေ့မှုံစေခြင်းစသော ရောဂါအမျိုး မျိုးတို့၌ ရေပြန် ရေသန့် သို့မဟုတ်(နှင်းရည်) တပုလင်းခန့်တွင်
စပါးကြီးသည်းခြေကို တစ်ရွေးခန့်ထည့်ဖျော်ထားပြီး မျက်စဉ်းခပ်ပေးရသည်။
မျက်စေ့အတွင်းတိမ်၊ ရေတိမ်ရောဂါတို့၌ခပ်ပျစ်ပျစ်သွေးပြီး မျက်စေ့အတွင်းသို့ ထည့် ပေးရသည်။
ကုသရန်
အလွန်ခက်ခဲသော မျက်စေ့အတွင်း၌ ကျောက်ဝင်ပေါက်သော ရောဂါတွင် ထိုစပါးကြီး
သည်းခြေကိုသာလျှင် အကောင်းဆုံးသော ဆေးအဖြစ်ခပ်ပေးရပေသည်။
နောက်ဆုံး
အများသုံးနေကြသော မည်သည့်မျက်စေ့ကွင်းဆေးတွင်မဆို စပါးကြီးသည်းခြေကို
ထည့်သွင်းအသုံးပြုနိုင်လေသည်။
ထိုစပါးကြီးသည်း ခြေဖြင့်
စီမံဖော်စပ်ထားသော မျက်စေ့ကွင်းဆေးဖြစ်စေ မျက်စဉ်းဆေးဖြစ်စေ(၂)မျိုးလုံးဖြစ်စေ ရောဂါတစုံ
တရာရောက်လာမှ မဟုတ်ဘဲကြိုတင်ကာကွယ်မှုအနေဖြင့် အသုံးပြုနိုင်ပေသည်။
မှတ်ချက်
သိမ်ဖြူဆေးသိပ္ပံ ဆရာတော် နောက်ဆုံးရေးသားခဲ့သော
"လူသားနှင့်မူလကိုယ်ခံစွမ်းအား" စာအုပ်မှ
" စပါးကြီး သည်းခြေ၏စွမ်းရည် "အခန်းအား အမည်းသဘော
ဖေါ်ပြအပ်ပါသည်။
ပုံ(၁) Boa Constrictor စပါးကြီးမွေ
ပုံ(၂) Boa Constrictor cross section
Inner structure
စပါးကြီးမွေ ကန့်လန့်ဖြတ် အတွင်းအင်္ဂါပြပုံ
ပုံ(၃) စပါးကြီး သည်းခြေ ထုတ်ယူပုံ
Thein Phyu မြန်မာ့အာယုဗ္ဗေဒဆေးသိပ္ပံ
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)



No comments:
Post a Comment