Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 24, 2015

တရုတ် အင်ဂျင်နီယာ ကျောင်းသားတစ်ဦးက လျှပ်စစ်ကားတစ်စီး ကို ကိုယ်တိုင်ဖန်တီး


ပေကျင်း ၊ ၂၄-၇-၂၀၁၅

တရုတ် နိုင်ငံသား တစ်ဦးဖြစ်သော Chen Yinxi ၂၇နှစ်က ခြောက်လခန့် အချိန်ယူ၍ လျှပ်စစ်ကား တစ်စီးကို မိမိကိုယ်တိုင် ဖန်တီးကာ ဟိုင်ကိုမြို့ရှိ 2015 Hain an International Automotive Insustry Exhibition ပြပွဲတွင် ပြသခဲ့၍ လူအများ၏ အာရုံကို ဆွဲဆောင် နိုင်ခဲ့ကြောင်း သိရသည်။

Chen Yinxi က ခြောက်လခန့် အချိန်ယူပြီး ဖန်တီးခဲ့သော လျှပ်စစ်ကား အတွက် ကုန်ကျစရိတ် ယူရို ၃ဝဝဝ ခန့်ရှိခဲ့ပြီး ၄င်းမှာ အသင့်အတင့်သာ ကုန်ကျသည် ဖြစ်ကြောင်း ကျွမ်းကျင်သူ များက ပြောပြသည်။ Chen Yinxi သည် မော်တော်ကား အင်ဂျင်နီယာ ဘာသာရပ်တွင် ပညာသင်ကြား နေသူတစ်ဦး ဖြစ်ပြီး ကားများကို ဒီဇိုင်းပုံစံ ရေးဆွဲ ရသည်ကို သဘောကျ နှစ်သက်သူ တစ်ဦး ဖြစ်ကြောင်း သိရသည်။

Chen Yinxi ၏ ကားပုံစံမှာ အပျော်တမ်း သမားများ ဖန်တီးသည့် ကားပုံစံ ကဲ့သို့ အပြင်ပိုင်း ပုံသဏ္ဌာန် ဆွဲဆောင်မှု ပိုင်းတွင် အားနည်းခြင်း မရှိဘဲ အခြား ပြိုင်ကားများ နည်းတူ လိုချင် တပ်မက်ဖွယ် ပုံစံဒီဇိုင်းဖြင့် ဖန်တီး ထားကြောင်း သိရသည်။ Chen Yinxi ၏ ဒီဇိုင်းမှာ အဆင့်မြင့် ကားတံခါးများ တပ်ဆင် ထားသည့်အပြင် တစ်မူ ထူးခြားသော ရှေ့မီးခွက်နှင့် နောက် မီးခွက်များကြောင့် ကား ထုတ်လုပ်သူများ ကိုယ်တိုင် ချီးမွမ်းရသည့် ဒီဇိုင်းတစ်မျိုး ဖြစ်ကြောင်း သိရသည်။

အတွင်းပိုင်း တွင်လည်း Chen Yinxi က ဈေးကြီးသော ခုံနှင့်အခင်း တို့ကို တပ်ဆင်ထား၍ အကောင်းဆုံး ပုံစံ လုပ်ဆောင်ထားရာ လူငယ်တစ်ဦး နှစ်သက်စေမည့် ကားပုံစံ တစ်မျိုး ဖြစ်သည်။

Chen Yinxi ၏ လျှပ်စစ်ကားတွင် အားနည်းချက် အနည်းငယ် ရှိရာ ပထမတစ်ခုမှာ တစ်နာရီ ကီလိုမီတာ ၆ဝ နှုန်းဖြင့်သာ မောင်းနှင် နိုင်ခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာ လမ်းမများ ပေါ်တွင် တရားဝင် မောင်းနှင်ခွင့် မရရှိ သေးကြောင်း သိရသည်။

သို့သော်လည်း ပြီးခဲ့သည့် ဟိုင်နန် နိုင်ငံတကာ ကားပြပွဲ ကြီးတွင် လေ့လာသူ အများ စိတ်ဝင်စားခြင်း ရသည့် ကားပုံစံ တစ်မျိုး ဖြစ်ခဲ့ပြီး ကားထုတ်လုပ်သူ များနှင့် ဆက်သွယ်မိ ပါက ၄င်း၏ ကားပုံစံကို ရောင်းချသွား နိုင်ရန်အတွက် Chen Yinxi မျှော်လင့်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment