Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 27, 2015

ခွေးတွေ တရားမ၀င်သယ်ဆောင်ခဲ့တဲ့အတွက် Amber Heard တစ်ယောက် ထောင်ဒဏ် ၁၀ နှစ်ထိ ကျနိုင်ဖွယ်ရှိ



ဟောလီးဝုဒ် မင်းသား Johnny Depp ရဲ့ ဇနီးဖြစ်သူ Amber Heard ဟာ မေလတုန်းက Australia နိုင်ငံအတွင်းကို သူမတို့ ဇနီးမောင်နှံရဲ့ ခွေး ၂ ကောင်ဖြစ်တဲ့ Pistol နဲ့ Boo တို့ကို တရားမ၀င် သယ်ဆောင်လာခဲ့တဲ့အတွက် စွဲချက်တင်ခံထားရပါတယ်။ သူမတို့ ဇနီးမောင်နှံဟာ Brisbane မြို့ကို Private Jet နဲ့ လာရောက်ခဲ့ပြီး အကောက်ခွန် အာဏာပိုင်တွေကို တိရိစ္ဆာန်တွေသယ်ဆောင်လာကြောင်း အသိမပေးခဲ့တဲ့အတွက် အခုလို စွဲချက်တင်ခံရတာပဲ ဖြစ်ပါတယ်။

ပြည်သူ့ စွဲချက်တင်ခြင်းဆိုင်ရာ အသိပညာပေးဌာန မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက People မဂ္ဂဇင်းကို အတည်ပြုပေးခဲ့တာကတော့ Amber Heard ဟာ တိရိစ္ဆာန်တွေ တရားမ၀င် သယ်ဆောင်လာမှု အတွက် အမှု တစ်ခု နဲ့ မှားယွင်းတဲ့ စာရွက်စာတမ်းထုတ်ပြန်မှု အတွက် အမှု တစ်ခုတို့ကို ရင်ဆိုင်ရမှာ ဖြစ်တယ်ဆိုတာပါပဲ။

တရားမ၀င် သယ်ဆောင်မှု အတွက် ကျခံရမယ့် ပြစ်ဒဏ်တွေကတော့ အများဆုံး ထောင်ဒဏ် ၁၀ နှစ်နဲ့ ဒဏ်ငွေ ဒေါ်လာ ၇၅၀၀၀ တို့ကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ မှားယွင်းတဲ့ စာရွက်စာတမ်း ထုတ်ပြန်မှု အတွက် အပြစ်ရှိကြောင်းထင်ရှားပါက ထောင်ဒဏ် ၁ နှစ်နဲ့ ဒေါ်လာ ၇၅၀၀ ဒဏ်ငွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်။

ကံကောင်းတာတစ်ခုကတော့ သူမဟာ နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ Barnaby Joyce က သတိပေးပြီး ၇၂ နာရီအတွင်းမှာပဲ ခွေးတွေကို အမေရိက သို့ ပြန်လည်သယ်ဆောင်သွားခဲ့တဲ့အတွက် သူမဟာ ထောင်ဒဏ်ကျခံရရင်လည်း နှစ်ရှည်ကျခံစရာမလိုတော့ပါဘူး လို့ သူမရဲ့ ရှေ့နေဖြစ်သူ Bill Potts က AP သတင်းဌာနကို ပြောပြခဲ့ပါတယ်။

Joyce က သတိပေးခဲ့တာကတော့ Pistol နဲ့ Boo တို့ကို Australia ကနေ ၇၂ နာရီအတွင်း ဖယ်ရှားမပေးပါက တရားဥပဒေအရ ပြစ်ဒဏ်ခံရမယ်ဆိုတာပါပဲ။ Australia နိုင်ငံ ဥပဒေ အရတော့ တိရိစ္ဆာန်တွေဟာ နိုင်ငံတွင်း ၀င်ရောက်ဖို့ ခွင့်ပြုချက်မရခင် မှာ ၁၀ ရက်ခန့် စောင့်ဆိုင်းပြီး အစစ်ဆေးခံရတာပဲ ဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် Amber Heard ဟာ Australia နိုင်ငံ ၊ Queensland ပြည်နယ် Southport တရားရုံးမှာ စက်တင်ဘာ ၇ ရက်နေ့ ကျရင် အမှုကို ကြားနာစစ်ဆေးရမှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment