Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 27, 2015

မူးယစ်ဆေး သုံးစွဲထားကြောင်း သံသယ ရှိမှု နဲ့ Snoop Dogg အဖမ်းခံရ



အမေရိကန် ပြည်ထောင်စု ၊ အနောက်ဘက် ကမ်းရိုးတန်း ကို ကိုယ်စားပြုတဲ့ ရပ်ပါ Snoop Dogg ဟာ စနေနေ့က ဆွီဒင်နိုင်ငံ ၊ Uppsala မြို့မှာ မူးယစ်ဆေးဝါး အသုံးပြုထားတယ်လို့ သံသယ ရှိခံခဲ့ရတဲ့အတွက် အဖမ်းခံခဲ့ရပါတယ်။

အသက် ၄၃ နှစ်အရွယ် ရပ် အဆိုတော်ဟာ ထို မြို့မှာ ဂီတ ဖျော်ဖြေပွဲတစ်ခု သွားရောက် ဖျော်ဖြေစဉ် ရဲတပ်ဖွဲ့က သူ့ရဲ့ ကားကို တားဆီး စစ်ဆေးခဲ့တာပဲ ဖြစ်ပါတယ်။

ရဲ တပ်ဖွဲ့ ရဲ့ ပြောရေးဆိုခွင့် ရ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Christer Nordstrom က People မဂ္ဂဇင်းကို ပြောကြားခဲ့တာကတော့ " Snoop Dogg ဟာ မူးယစ်ဆေးသုံးစွဲထားတဲ့ လက္ခဏာ တွေတွေ့ရှိရတဲ့အတွက် ရဲစခန်းကို ခေါ်ပြီး အစစ်ဆေးခံခဲ့ရတာပါ " လို့ ဆိုပါတယ်။

Snoop Dogg ကတော့ Instagram မှာ သူ အဖမ်းခံခဲ့ရတဲ့ ဗီဒီယို စီးရီးလိုက် ရိုက်ကူးကာ Post လုပ်ခဲ့ပြီး ထို အဖမ်းခံခဲ့ရမှု အတွက်လည်း သူက ဘာသာရေးခွဲခြားတဲ့ လုပ်ဆောင်ချက် ဖြစ်တယ်လို့ အခိုင်အမာစွပ်စွဲထားပြန်ပါတယ်။

ဗီဒီယို တစ်ခုမှာ ဆိုရင် "ဘာသာရေးခွဲခြားသတ်မှတ်မှုပဲ။သူတို့ရောက်လာပြီး ငါ့ကို ကားထဲကနေဖမ်းခေါ်သွားတယ်။ အမှန်တစ်ကယ်ကတော့ ငါ့ကို သူတို့ အရင်ရှာဖွေသင့်တယ်။ အကုန်လုံးကိုရှာဖွေသွားတာထက် ဘာမှ ရှာဖွေမတွေ့သွားတာ ပိုကောင်းတယ် ။ Fuck Y'all " လို့ ပြောဆိုထားပါတယ်။

Snoop Dogg ရဲ့ အဖမ်းခံရမှု နဲ့ ပတ်သက်ပြီး ရဲအရာရှိ Nordstrom ကတော့ ဒါဟာ ဘာသာရေးခွဲခြားမှုနဲ့ မသက်ဆိုင်ဘူးလို့ ဆိုထားပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Upi

No comments:

Post a Comment