CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, June 20, 2015
ကန်ဒေါ်လာ ၁၀သန်းတန် မူပိုင်ခွင့် ဥပဒေနဲ့ ရင်ဆိုင်နေရတဲ့ Justin Bieber နဲ့ Usher Skyler
Justin Bieber နဲ့ Usher ကို မူပိုင်ခွင့် ချိုးဖောက်မှုအတွက် တရားရင်ဆိုင်ဖို့ ခရိုင်တရားရုံးက ဇွန်လ ၁၈ရက်နေ့မှာ အမိန့်ချလာပါတယ်။ ဗာဂျီးနီးယား တေးရေးနှစ်ယောက် ရေးစပ်ထားတဲ့ သီချင်းကို တရားမ၀င် ကော်ပီကူးခဲ့တာကြောင့်လို့ ဆိုထားပြီး ကန်ဒေါ်လာ ၁၀သန်း ပေးလျော်ရဖွယ်ရှိပါတယ်။ Devin Copeland အမည်ရှိ R&B အဆိုတော်နဲ့ ၄င်း၏ တေးရေးဖော် De Rico တို့ဟာ ၂၀၁၃ခုနှစ်မှာ စတင်တရားစွဲဆိုခဲ့တာဖြစ်ပြီး အောက်တရားရုံးက မှားယွင်းအမိန့်ချမှတ်ခဲ့တဲ့အတွက် ဤအမှုကို ပြန်လည်စစ်ဆေးဖို့ Richmond ရှိ ခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့တာပါ။ Usher နဲ့ Bieber နှစ်ယောက်စလုံး အသံသွင်းယူခဲ့တဲ့ “Somebody to Love” အမည်ရှိ သီချင်းရဲ့ ဗားရှင်းသုံးမျိုးဟာ Devin Copeland တို့ရဲ့ သီချင်းနဲ့ နရီအစဉ်အတန်း၊ နရီအမှတ်အသား၊ ကော့ဒ်နဲ့ စာသားတွေအပြင် သီချင်းအမည်ပါတူတယ်လို့ တရားလိုဘက်က ဆိုထားပါတယ်။ “Copeland သီချင်းနဲ့ Bieber၊ Usher တို့ရဲ့သီချင်းတွေကို နားထောင်ပြီးတဲ့နောက်၊ ၄င်းတို့ရဲ့ Cho: တွေဟာ သိသိသာသာကို ဆင်တူတာကိုတွေ့ရပြီး ကျိုးကြောင်းချင့်ချိန်နိုင်တဲ့ ဂျူရီအဖွဲ့ကတော့ ဒီတူညီမှုတွေကို
မြင်တွေ့လောက်မှာပါ။” လို့ ခရိုင်တရားသူကြီး Pamela Harris က အယူခံဝင်မှုအတွက် ရေးသားခဲ့ပါတယ်။ တရားပြိုင်များဘက်မှာ Vivendi SAရဲ့ Universal Music Publishing Group နဲ့ Sony ကော်ပိုရေးရှင်းရဲ့ Sony/ATV Music Publishing တို့လို တေးထုတ်လုပ်ရေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
Ref: IBNLive
http://www.trend.com.mm/2015/06/19/news-news-6944
ကန်ဒေါ်လာ ၁၀သန်းတန် မူပိုင်ခွင့် ဥပဒေနဲ့ ရင်ဆိုင်နေရတဲ့ Justin Bieber နဲ့ Usher Skyler
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 20, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment