ဘာဘီဖြစ်လိုသူ မိန်းကလေးတွေရဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ပေးမယ့် အရုပ်လူသား ပေါ်ထွက်လို့လာပါပြီ။ ဘရားဇီးနိုင်ငံရဲ့ Human Ken Doll အသစ်ဟာ ခွဲစိတ်မှု ၈ ကြိမ်ပြုပြီးတဲ့နောက် ပြစ်မျိုးမှည့်မထင်တဲ့ ပလတ်စတစ်ရုပ်တစ်ရုပ် ဖြစ်လာပါတော့တယ်။
Mauricio Galdi အမည်ရှိ အသက် ၂၇နှစ်ရှိသူ အမျိုးသားဟာ သူ့ကိုယ်သူ Human Ken Doll လို့ခေါ်နိုင်ဖို့အတွက် ခွဲစိတ်မှုတွေ အားကိုးထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူ့လို ပြီးပြည့်စုံလှတဲ့ ပလတ်စတစ် သူငယ်ချင်း တစ်ယောက်အတွက် သူ့ရဲ့ ဇာတိ ဘရာဇီးမှာ ကောင်းချီးပေးကြပြီး သူဟာ ကျော်ကြားမှုကို ရရှိလာခဲ့ပါတယ်။
သူဟာ ဘရာဇီးနိုင်ငံရဲ့ လူလတ်တန်းစား မိသားစုဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာရဲ့ သားတစ်ယောက် ဖြစ်ပါတယ်။ ဘာဘီနဲ့ ကန် အရုပ်တွေနဲ့ ဆော့ကစားတဲ့ ကောင်မလေးတွေကို သူအားကျကြောင်းကိုလည်း “သူတို့ အရုပ်လေးတွေနဲ့ ကစားတာကို ကျွန်တော်တွေ့တယ်၊ ပြီးတော့ ကျွန်တော်လဲ အဲ့ဒီ့လိုပဲ ကစားချင်တယ် ဒါပေမဲ့ ကျွန်တော့်ကို အမြင်မကြည် အမုန်းပွားကြမှာ ကြောက်တဲ့အတွက် တစ်ခါမှတော့ မဆော့ဖြစ်ခဲ့ပါဘူး။” လို့ Mauricio Galdi ကပြောခဲ့ပါတယ်။
သူဟာ အရွယ်ရောက်လာပေမယ့်လည်း ဘာဘီနဲ့ ကန် ရုပ်တွေရဲ့ ပြစ်မျိုးမှည့်မထင် သွင်ပြင်တွေရဲ့ ဆွဲဆောင်မှုတွေကနေ လွတ်မြောက်မသွားခဲ့ပါဘူး။ Mauricio Galdi ဟာ အသက် ၁၇နှစ်အရွယ်မှာ သရုပ်ဆောင်သင်တန်းကို စာရင်းသွင်းခဲ့ပေမယ့် သူ့ကိုယ်သူ မချော၊ မလှဘူး ထင်တာကြောင့် သွားတက်ဖို့ စိတ်ပျက်ခဲ့သူလည်း ဖြစ်ပါတယ်။
“Come on Barbie, Let’s go party!” လို့လည်း ဘာဘီဖြစ်လိုသူ မိန်းကလေးများကို သူက ဖိတ်ခေါ်ထားသေးပါတယ်။
Ref:Daily Mail
http://www.trend.com.mm/2015/06/17/news-6912
No comments:
Post a Comment