![]() |
| Hijacked Malaysian oil tanker spotted in Cambodian waters |
ကွာလာလမ်ပူ ၊ ၁၉-၆-၂၀၁၅
မလေးရှားနိုင်ငံ ဂျာဟော်ပြည်နယ် ကမ်းလွန်တွင် ဇွန် ၁၁ ရက်က ပျောက်ဆုံး သွားခဲ့သည့် ရေနံတင် သင်္ဘောတစ်စီးကို ကမ္ဘောဒီးယား ရေပိုင်နက် အတွင်း ပြန်လည် ရှာဖွေတွေ့ရှိ ခဲ့ကြောင်း နိုင်ငံပိုင် Bernama သတင်းဌာနက ယမန်နေ့တွင် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။
kim Harmon အမည်ရှိ လောင်စာဆီတင် သင်္ဘောပေါ်တွင် အမှုထမ်း ၂၂ ဦး လိုက်ပါသွား ခဲ့ပြီး ရေနံတန်ချိန် ၆ဝဝဝ ကို တင်ဆောင် သွားခဲ့ကြောင်း၊ ထိုသင်္ဘောသည် မာလက္ကာမြို့မှ ကွမ်တန်မြို့သို့ ထွက်ခွာလာစဉ် တန်ဂျုံဆေဒီလီ ကမ်းလွန် ရေမိုင် ၃ဝ ခန့်အကွာတွင် အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ကြောင်း မလေးရှား ရေကြောင်း ထိန်းချုပ်ရေး အာဏာပိုင် အဖွဲ့က ပြောကြား ခဲ့သည်။
အဆိုပါ သင်္ဘော ပျောက်ဆုံးပြီး နောက်ပိုင်းတွင် မလေးရှား လေကြောင်း တပ်ဖွဲ့ (RMAF)၊ ရေကြောင်းဥပဒေ စိုးမိုးရေး အေဂျင်စီ (MMER) နှင့် သြစတြေးလျ ရေကြောင်း တပ်ဖွဲ့တို့က ပင်လယ်အတွင်း လိုက်လံရှာဖွေ ခဲ့ရာတွင် ပြန်လည်တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး သင်္ဘော ပြန်လည်ရှာဖွေ တွေ့ရှိမှုနှင့် စပ်လျဉ်း၍ အသေးစိတ်ကို အာဏာပိုင် များက ထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။
#PyiChitThar

No comments:
Post a Comment