Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 28, 2015

Ebony မဂ္ဂဇင်းရဲ့ ကာဗာ မှာ ပါဝင်လာတဲ့ Beyonce ရဲ့ မိခင်





ပေါ့ပ် အဆိုတော် Beyonce ရဲ့ အသက် ၆၁ နှစ်ရှိနေပြီဖြစ်တဲ့ မိခင် Tina ဟာ Ebony မဂ္ဂဇင်းရဲ့ ဇူလိုင်လ ထုတ် မှာ မျက်နှာဖုံးရှင် အဖြစ် ပါဝင်လာပြီး သူမဟာ မထင်မှတ်ထားရလောက်အောင် နုပျိုနေတာဖြစ်ပါတယ်။

အမြဲတမ်း Sexy ဖြစ်တဲ့ အကြောင်းအရာတွေပဲ တင်ဆက်နေတဲ့ မဂ္ဂဇင်းဟာ လှပလှတဲ့ Tina ကို အနီရောင် ၀တ်စုံ ၀တ်ဆင်စေကာ ရွှေရောင် လက်ကောက်နဲ့ သူမရဲ့ ခေါင်းပေါ်မှာ သရဖူတစ်ခုတို့ကို ၀တ်ဆင်စေပြီး ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။

ထို မဂ္ဂဇင်းထဲမှာ ပါဝင်တဲ့ အင်တာဗျူးထဲမှာတော့ သူမရဲ့ သမီးတွေဖြစ်ကြတဲ့ beyonce နဲ့ Solange တို့ရဲ့ အရွယ်မရောက်ခင်က အကြောင်းတွေ ၊ သူတို့မိသားစု ရဲ့ ကွာရှင်းမှုတွေ ၊ အချစ်သစ် ကို ထပ်မံ တွေ့ရှိခဲ့တဲ့ အကြောင်းတွေနဲ့ အသက် ၆၁ နှစ်မှာမှ အကောင်းဆုံး ချစ်တင်းနှီးနှော နိုင်ခဲ့တဲ့ အကြောင်းတွေကို Tina က ပြောပြထားပါတယ်။

မဂ္ဂဇင်းရဲ့ အတွင်းစာ မျက်နှာမှာလည်း Tina က အခြား အနီရောင် ၀တ်စုံ တစ်စုံ ကို ၀တ်ဆင် ပြသထားပါသေးတယ်။

သူမရဲ့ သမီးတစ်ယောက်ဖြစ်တဲ့ Solange က သူမရဲ့ မိခင် ပုံ ကို Instagram မှာ တင်ထားခဲ့ပြီး ထို အင်တာဗျူးမှာ ပါတဲ့ စာသားတွေကိုလည်း ခေါင်းစဉ်အဖြစ် ရေးသားထားပါသေးတယ်။ "ကျွန်မဟာ အသက် ၆၁ နှစ်ဖြစ်နေပြီး ဘ၀နေထိုင်မှုမှာ ကန့်သတ်ခြင်းမခံရတဲ့အတွက် ဂုဏ်ယူပါတယ်။ ကျွန်ုပ်တို့ဟာ မသေခင်နေ့အထိ Sexy ဖြစ်အောင် ၊ Fashion ကျအောင် ၊ အဆင့်အတန်းရှိအောင် နဲ့ လန်း နေအောင် နေလို့ရနိုင်ပါတယ်" လို့ Tina က အင်တာဗျူးမှာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။

၂၀၀၄ ခုနှစ်မှာတော့ Tina နဲ့ သမီးဖြစ်သူ Beyonce တို့ဟာ House of Dereon လို့ ခေါ်တဲ့ အ၀တ်အစား အမှတ်တံဆိပ် တစ်ခုကို စတင် ထုတ်လုပ်ခဲ့ကြပြီး သေဆုံးသွားပြီဖြစ်တဲ့ Tina ရဲ့ မိခင် ဒီဇိုင်နာ Agnes Dereon ရဲ့ အမည်ကို မှည့်တွင်စေခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Tina Knowles Lawson ဟာ ၂၀၁၁ ခုနှစ်မှာ Matthew Knowles နဲ့ တရားဝင် ကွာရှင်းခဲ့ပြီး သရုပ်ဆောင် Richard Lawson နဲ့ ပြီးခဲ့တဲ့ ဧပြီလကပဲ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment