CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 29, 2015
မိမိတွင် HIV ကူးစက် ခံရသည်ကို အမေရိ ကန်တွင် ရှစ်ဦးလျှင် တစ်ဦးနှုန်းမသိကြ
ဝါရှင်တန် ဇွန် ၂၈
အမေ ရိကန် ပြည်ထောင်စု တွင် HIV ဗိုင်းရပ်စ် ကူးစက် ခံထား ရသူ ရှစ်ဦးလျှင် တစ်ဦးနှုန်း မှာ မိမိတွင် ရောဂါပိုး ကူးစက်ခံ ထားရသည်ကို မသိရှိ ကြသည့် အတွက် ၄င်းတို့ ထံမှ တစ်ဆင့် ဗိုင်းရပ်စ် ပိုး ဆက်လက် ကူးစက် မှုမှာ HIV ကူးစက်မှု စုစုပေါင်း ၏ သုံးပုံ တစ်ပုံ ခန့်ပင် ရှိနေကြောင်း အမေရိ ကန် ပြည် ထောင်စု ရောဂါ ထိန်းချုပ် ရေးနှင့် ကာကွယ် ရေးဌာန(CDC)မှ ထုတ်ပြန် ထားသည်။
အမေ ရိကန် ပြည် ထောင်စု တွင် HIV ကူးစက်မှု ပြန့်ပွား သည့်နှုန်းကို ၉ဝ ရာခိုင်နှုန်း ထိ လျှော့ချ သွားရန် အိမ်ဖြူ တော်က ၂ဝ၁ဝ ပြည့် နှစ်၌ စတင်ကာ ရည်မှန်း ချက် ထား ဆောင်ရွက် ခဲ့ရာ ၂ဝ၁၂ ခုနှစ်စစ်တမ်း ကောက်ယူမှု အရ ဟာဝိုင်ယီ၊ နယူးယောက်၊ ကွန်နက် တီကပ်၊ ဒီလာဝဲ နှင့် ကော်လို ရာဒို ပြည်နယ် များတွင်သာ အိမ်ဖြူ တော် ရည်မှန်း ချက် နှင့်အညီ ပြည့်မီအောင် HIV ကူးစက်မှု ကိုလျှော့ချ နိုင်ခဲ့ပြီး ကျန် ပြည်နယ် များတွင်မူ HIV ဖြစ်နေမှန်းသိသူများ၊ မသိ သူများ နှစ်မျိုးလုံးမှာ အရေ အတွက် အား ဖြင့် တက်မြဲ တက်နေ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂ဝ၁၁ ခုနှစ်တွင် အမေ ရိကန် ပြည် ထောင်စု အတွင်း HIV ဗိုင်းရပ်စ် ကူးစက် ခံထားရ သူ ၁ ဒသမ ၂သန်း ရှိခဲ့ရာ ၄င်းတို့၏ ၁၄ ရာခိုင်နှုန်း မှာ ရောဂါ လက္ခဏာ ပေါ်လာမှ သာ မိမိတွင် HIV ကူးစက်ခံ ထားရမှန်း သိရှိခဲ့ ရသည် ဖြစ်သည့် အတွက် လူထု ထဲတွင် HIV အကြောင်း သိကောင်း စရာကို ပညာပေး ဆောင်ရွက် ကာမိမိတွင် ပိုးကူး စက်ခံ ထားရလျှင် ဆောလျင် စွာ သိရှိ နိုင်အောင် အမြန်ဆုံး သွေးစစ် ကြရန် နှိုးဆော် လျက် ရှိကြောင်း၊ လူတစ်ဦးကို ဘဝတစ်သက်စာ HIV ကုသ ပေးရန်မှာ အမေရိကန် ဒေါ်လာ ၃၇၉၆၆၈ ကျသင့် ကြောင်း၊ စရိတ် ကြီးမားကြောင်း ၊ အချိန်မီ သိရှိရန် လိုအပ်ကြောင်း သုတေသီ တစ်ဦးက ပြောပြသည်။
Pyi Chit thar
http://www.pyichitthar.com
မိမိတွင် HIV ကူးစက် ခံရသည်ကို အမေရိ ကန်တွင် ရှစ်ဦးလျှင် တစ်ဦးနှုန်းမသိကြ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 29, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment