Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 28, 2015

ကြေးစားလက်ဝှေ့သမား “Money” Matt Cage ဟာ ဂေး(Gay)တစ်ယောက်ဖြစ်နေကြောင်း အရိပ်အမြွက် ၀န်ခံ ပြောကြားခဲ့






ဂေး(Gay) ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းဝန်ခံထားတဲ့ လက်ဝှေ့အကျော်အမော်တွေ အများကြီးရှိတဲ့အထဲက ခုဆိုရင်နောက်တစ်ယောက်ထပ်တိုးလာပြန်ပါပြီ။ သူကတော့ “Money” Matt Cage ဖြစ်ပါတယ်။

E! News သတင်းဌာနအဆိုအရ ၂၆နှစ်အရွယ် ကြေးစားလက်ဝှေ့သမားဖြစ်သူ Matt Cage က ဖေ့ဘွတ်ကနေတစ်ဆင့် တစ်ကမ္ဘာလုံးကို ဖွင့်ဟပြောကြားလိုက်တာဖြစ်ပါတယ်။

Cage (အမည်အရင်း - Matt Hullum) ဟာ သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ “ ဒါဟာတကယ့် ပုဂိုလ္လ်ရေးရာ အစစ်အမှန်တွေဖြစ်ပါတယ်။ လက်ဝှေ့သမားတစ်ယောက်အနေနဲ့ အမှီအခိုကင်းကင်းနေထိုင်ပြီး သူ့ရဲ့ငယ်ဘ၀အကြောင်း၊ ဘယ်တော့မှ မရှုံးနိမ့်တဲ့အကြောင်းတွေကို ပြောပြီးတဲ့နောက် ကျွန်တော်ဟာ ဂေး(Gay)ဖြစ်ကြောင်း လူထူကို ထုတ်ပြောရတာ လွယ်ကူသွားပါတယ်” လို့ ရေးသားထားပါတယ်။

“ ကောင်မလေးတွေအတွက်တော့ စိတ်မကောင်းပါဘူး။ ကျွန်တော်က ကျွန်တော့်စီးပွားရေးအတွက် ဒါကိုမပြောခဲ့တာပါ။ ကျွန်တော့်ကို သိပ်ပြီးမုန်းမနေကြပါနဲ့” လို့ ပြောထားပါသေးတယ်။

“ ကျွန်တော်ဟာ ဘ၀တစ်လျှောက်လုံး လိမ်ညာပုန်းကွယ်ပြီး စိတ်ဓါတ်တွေကျပြီး နေခဲ့ရတာပါ ဘာလို့လဲဆိုတော့ ကျွန်တော်ဟာ ဘယ်လိုလူ၊ ဘယ်လိုပုံစံနဲ့လွတ်လွတ်လပ်လပ်နေချင်တယ်ဆိုတာတွေကို ထိန်းချုပ်ဖုံးကွယ်ပြီး နေခဲ့ရလို့ပါ။ “ လို့ဆိုပါတယ်။ ဒါကိုတော့ သူ့မိဘတွေနဲ့ သူငယ်ချင်းတွေက အဖြစ်မှန်ကိုသိသွားပြီးတဲ့အချိန်မှာ သူ့ကို ၀ိုင်းဝန်းကူညီခဲ့ကြတဲ့အတွက် ထုတ်ဖော်ပြောပြခဲ့တာဖြစ်ပါတယ်။

 “ဒီလိုပြောလိုက်တဲ့အတွက် ဘာမှ ပြောင်းလဲမသွားဖို့မျှော်လင့်ပါတယ်။ တကယ်လို့ ဆက်ဆံရေးတစ်ခုခု ပြောင်းလဲသွားတယ်ဆိုရင်တော့ ဒီလူတွေကို ကျွန်တော့်ဘ၀ထဲမှာ မလိုအပ်တော့ပါဘူး” လို့လည်း ပြောသွားပါသေးတယ်။

( MTN )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment