Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 20, 2015

ထိုင်းနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် MERS ရောဂါပိုး ကူးစက်ခံရသူတစ်ဦးကို ရှာဖွေတွေ့ရှိဟု အစိုးရထုတ်ပြန်

Thailand's Public Health Minister Rajata Rajatanavin announces the country's first case of MERS.

ဗန်ကောက် ၊ ၁၉-၆-၂၀၁၅

ထိုင်းနိုင်ငံတွင် ပထမဆုံး အကြိမ် အဖြစ် MERS ရောဂါပိုး ကူးစက် ခံရသူတစ်ဦးကို ရှာဖွေတွေ့ရှိ ခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ ကျန်းမာရေး ဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန် ခဲ့ကြောင်း သိရသည်။

အဆိုပါ ရောဂါပိုး ကူးစက် ခံရသူမှာ အသက် ၇၅ နှစ်ရှိ အမျိုးသား တစ်ဦး ဖြစ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဝန်ကြီး ရာဂျာတာရာ ဂျာနာနာဗင် က ပြောကြား ခဲ့သည်။

အာဏာပိုင်များ၏ ထုတ်ပြန်ချက် အရ ရောဂါပိုး ကူးစက်ခံရသူ အမျိုးသားသည် အိုမန်နိုင်ငံမှ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပြီး ယခုအခါ အာဏာပိုင် များက ၄င်းကို နွန်သာဘူရီ ပြည်နယ်ရှိ ကူးစက်ရောဂါ အထူးကု ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူစေလျက် ရှိသည်။

၎င်း၏ အခြေအနေမှာ စိုးရိမ်ရသည့် အခြေအနေတွင် မရှိတော့ကြောင်း အစိုးရအဖွဲ့မှ လက်ထောက် ပြောရေးဆိုခွင့် ရှိသူ ဆန်ဆန်းခယူး ကမ်နာ့ က ပြောကြား ခဲ့သည်။ ယင်း အမျိုးသားသည် အိုမန်နိုင်ငံသို့ ၄င်း၏ နှလုံးခွဲစိတ် ကုသရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ အာဏာပိုင် များက အဆိုပါ အမျိုးသားနှင့် ထိတွေ့ ဆက်ဆံခဲ့သည့် လူ ၅၉ ဦးကိုလည်း သီးခြား ခွဲထားပြီး စောင့်ကြည့်လျက် ရှိသည်ဟု သိရသည်။

Thailand confirms its first case of MERS,

#PyiChitThar

No comments:

Post a Comment