CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 29, 2015
ခြေထောက်နာကျင်မှု မခံစားရပဲ ဒေါက်မြင့်ဖိနပ် စီးနိုင်မယ့် နည်းလမ်း
အမျိုးသမီးတိုင်း အထူးသဖြင့် ခြေထောက်နာကျင် ခံစားမှုကြောင့် ဒေါက်မြင့်ဖိနပ် မစီးရတော့တဲ့သူတွေကို အမှန်တကယ် စိတ်ကျေနပ်မှု ရစေပါလိမ့်မယ်။
တကယ်တော့ လမ်းလျှောက်လို့ ခြေထောက်နာကျင်မှုအပါအဝင် လက်ချောင်း နာကျင်မှုနဲ့ ထုံကျင်ခြင်းကို လျော့နည်းအောင် လုပ်ယူလို့ ရနိုင်ပါတယ်။ နောက်ပိုင်း ဒေါက်မြင့်ဖိနပ်တွေဟာ အနှစ်သက်ဆုံး အရာတွေ တောင်ဖြစ်လာပါလိမ့်မယ်။
ဒေါက်မြင့်ဖိနပ်ဆိုတာ အမျိုးသမီးတိုင်းကို ပိုပြီး sexy ကျပြီး ကျော့ကျော့မော့မော့ဖြစ်စေတဲ့ အရာတွေထဲက တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ အမျိုးသမီးအများပြားဟာ ခြေထောက်နာကျင်ခံစားရမှုနဲ့ သက်သောင့်သက်သာမဖြစ်မှုတွေကြောင့် ဒေါက်မြင့်ဖိနပ်ကို ရှောင်ရှားနေကြရပါတယ်။
ဒီနေရာမှာ စေးကပ်တဲ့ တိပ်ကြိုးအကြည်တစ်ခုသာ လိုအပ်ပါတယ်။
ခြေမကနေစပြီး တတိယနဲ့ စတုတ္ထမြောက်ခြေချောင်းကို တိပ်ကြိုးနဲ့ပတ်ပေးပါ။ တိပ်ကြိုးက ခြေချောင်းတွေ ချုပ်ထားပြီး ပူးကပ်စေပါလိမ့်မယ်။ ဒီလုပ်နည်းလုပ်စဉ်က ဒေါက်မြင့်ဖိနပ်စီးတဲ့အခါ ဖြစ်လာတဲ့ ခြေထောက်အဖျားပိုင်း ဖိချခံမှု လျော့နည်းစေမှာဖြစ်တယ်။ ခြေချောင်းတွေ ပူးကပ်ပေးခြင်းဖြင့် ထုံကျင်မှုကို ကာကွယ်ပေးပြီး ခြေထောက်မတရား အဖိခံရတဲ့ခါဖြစ်လာတဲ့ ကြွက်တက်ခြင်းကို ကာကွယ်ပေးပါလိမ့်မယ်။
trend myanmar
ခြေထောက်နာကျင်မှု မခံစားရပဲ ဒေါက်မြင့်ဖိနပ် စီးနိုင်မယ့် နည်းလမ်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 29, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 29, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment