CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, June 29, 2015
ဂျပန်နိုင်ငံက အပြာရောင်မီးလင်းကမ်းခြေ
နှစ်စဉ်နှစ်တိုင်း မတ်လကနေ ဇွန်လအထိ ဂျပန်နိုင်ငံ တိုယာမာကမ်းခြေမှာ အပြာရောင်လင်းထိန်းနေတဲ့ ကမ်းစပ်ကိုတွေ့ရမှာဖြစ်ပါတယ်။ အပြာရောင်အလင်းတွေထုတ်လွှတ်ပေးတဲ့ ပြည်ကြီးငါးအသေးစားလေးတွေဟာ အဲဒီရာသီရောက်ရင် ကမ်းခြေတစ်လျှောက်ရှိနေတက်တာကြောင့် ၁၄ ကီလိုမီတာရှည်လျားတဲ့ ကမ်းခြေတစ်ခုလုံး အပြာရောင်တွေထိန်လင်းနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ အဲဒီငါးတွေဟာ ပင်လယ်ရေအောက် ပေပေါင်း ၁၂၀၀ အနက်လောက်မှာ ရှင်သန်နေထိုင်ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် မတ်လရောက်တဲ့အခါ သဘာဝက သတ်မှတ်ထားတဲ့ ရာသီဥတုကြောင့် လှိုင်းတွေနဲ့အတူ ကမ်းစပ်ကို ရောက်လာရတာဖြစ်ပါတယ်။ ဇွန်လအထိ ကမ်းခြေမှာ အပြာရောင်မီးလင်းငါးတွေရှိနေတက်ပါတယ်။ လူသားတွေဖန်တီးထားမှု တစ်ခုမှမပါဝင်ပဲ မီးလင်းငါးတွေနဲ့ အတူ ကမ်းခြေဟာ ညဘက်ရောက်ရင် အလွန်လှပနေတက်တာကြောင့် ခရီးသွားတွေ အလာများတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ပိုးစုန်းကြူးငါးလို့ အလွယ်ခေါ်တဲ့ဒီငါးလေးတွေဟာ ပုံမှန်အားဖြင့်တော့ သုံးလက်မလောက်ပဲ ရှည်လျားပါတယ်။ ကမ်းခြေရောက်လာတဲ့အခါ ဥ,ဥတက်ကြပါတယ်။ တစ်ကိုယ်လုံးကို မီးလင်းစေတဲ့ဇီဝသတ္တုကြွ ခန္ဓာကိုယ် အစိတ်အပိုင်းက ဖုံးအုပ်ထားလို့ အခုလိုအပြာရောင်တောက်နေကြတာဖြစ်ပါတယ်။ တစ်ချို့ငါးတွေဆို
မျက်လုံးကလွဲလို့ ခန္ဓာကိုယ်တစ်ခုလုံး အပြာရောင်ထွက်နေတက်ပါတယ်။
PlanetMyanmar
ဂျပန်နိုင်ငံက အပြာရောင်မီးလင်းကမ်းခြေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 29, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment