Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 29, 2015

ပြည်တွင်း Facebook အသုံးပြုသူဦးရေ ၄ သန်း ၂ သိန်းကျော် အထိ ရှိလာပြီး ရန်ကုန်မြို့တွင် ယင်းပမာဏ၏ ထက်ဝက်ကျော် ရှိလာ

မြန်မာနိုင်ငံတွင် လူမှုကွန်ရက် စာမျက်နှာဖြစ်သည့် Facebook ကို အသုံးပြုသည့် အရေအတွက်သည် ၄ သန်း ၂ သိန်းကျော်ရှိလာပြီ ဖြစ်ပြီး ရန်ကုန်မြို့တွင် အဆိုပါ လူမှုကွန်ရက်ကို အသုံးပြုသူပေါင်း ၂ သန်း ၉ သိန်း ရှိကြောင်း Amara Digital Marketing ၏ လေ့လာစိတ်ဖြာထားသော အချက်အလက်များအရ သိရသည်။
ရန်ကုန်မြို့၏ Facebook လူမှုကွန်ရက်ကို အသုံးပြုသူသည် တစ်နိုင်ငံလုံး အသုံးပြုသူဦးရေ၏ ၆၉ ရာခိုင်နှုန်း ခန့် ရှိနေခြင်းဖြစ်ပြီး မန္တလေးမြို့၏ အသုံးပြုသူဦးရေ ထက်လည်း ၂ သန်းကျော် ပိုမိုများပြားနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လူနေထူထပ်သည့် မြို့ဖြစ်သော မန္တလေးမြို့တွင် အဆိုပါ လူမှုကွန်ရက် စာမျက်နှာကို
အသုံးပြုသူ အရေအတွက်မှာ ၇ သိန်း ၅ သောင်းရှိကြောင်း သိရသည်။
အထက်ပါ မြို့ကြီးနှစ်မြို့အပြင် Facebook လူမှုကွန်ရက်ကို မြို့ကြီးများအလိုက် အသုံးပြုသူအရေအတွက်မှာ စစ်ကိုင်းမြို့တွင် ၆၂,၀၀၀၊ မော်လမြိုင်မြို့တွင် ၅၀,၀၀၀ ၊ တောင်ကြီးမြို့တွင် ၅၁,၀၀၀၊ ပဲခူးမြို့တွင် ၄၇,၀၀၀၊ မကွေးမြို့တွင် ၄၆,၀၀၀၊ ပျဉ်းမနားမြို့တွင် ၄၀,၀၀၀၊ ပုသိမ်မြို့တွင် ၃၅,၀၀၀၊ မြစ်ကြီးနားမြို့တွင် ၂၆,၀၀၀၊ ဘား အံမြို့တွင် ၁၉,၀၀၀၊ ထားဝယ်မြို့တွင် ၁၇,၀၀၀၊ စစ်တွေမြို့ တွင် ၁၃,၀၀၀၊ လွိုင်ကော်မြို့တွင် ၉,၁၀၀ အသီးသီး ရှိကြကြောင်း အထက်ပါ လုပ်ငန်းမှသိရသည်။
အထက်ပါ မြန်မာနိုင်ငံ မြို့ကြီးများ၏ Facebook အသုံးပြုသူ အရေအတွက်သည် အဆိုပါမြို့များ၏ ဆယ်မိုင်ပတ်လည်ဝန်းကျင်ကို တွက်ချက်ထားခြင်းဖြစ်ကြောင်း Amara Digital Marketing Agency ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ချမ်းမြေ့ခိုင်က ပြောကြားသည်။
ပြည်တွင်း၌ မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုမှု များပြားလာခြင်းနှင့်အမျှ Facebook အသုံးပြုမှုလည်း တိုးတက်လာခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တွင်း အခြေ စိုက် မိုဘိုင်းဖုန်း လုပ်ငန်းရှင် အချို့က
သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံ၏ Facebook အသုံးပြုသူ ၄ သန်းကျော်တွင် မိုဘိုင်းဖုန်းမှတစ်ဆင့် အသုံးပြုသူ ဦးရေမှာ ပြီးခဲ့သည့် လေးလတာ ကာလအထိ၂.၈ သန်းရှိပြီး အသက် ၂၀ နှင့် ၃၀ ကြား အသုံးပြုသူ အရေအတွက်မှာ ၁.၇၂ သန်းဖြင့် အများဆုံးဖြစ်ပြီး အသက် ၁၈ နှစ်အောက် အရွယ်များ၏ အသုံးပြုသူ အရေအတွက်မှာ ၃၈၀,၀၀၀ ကျော်ဖြစ်ကြောင်း Amara Digital Marketing Agency ၏ လေ့လာစိတ်ဖြာထားသော အချက်အလက်များအရ သိရသည်။ ယခုလက်ရှိတွင် မြန်မာ တစ်နိုင်ငံလုံး၏ မိုဘိုင်းဖုန်းအသုံးပြုသူ အရေအတွက်မှာ ၁၈ သန်းကျော် ရှိလာပြီဖြစ်သည်။
Internet Journal

No comments:

Post a Comment