Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 20, 2015

အမြဲတမ်း အရွယ်တင်နုပျိုစေမယ့် အစားအစာ (၅) မျိုး


သင့်တော်မှန်ကန်တဲ့ အစားအစာကို ရွေးချယ်စားသုံးခြင်းဟာ လှပတဲ့ အသားအရေ ရရှိပိုင်ဆိုင်စေနိုင်ပြီး အရွယ်တင်နုပျိုစေပါတယ်။ အဲဒီအစားအစာတွေ စာရင်းမှာတော့
ဘလူးဘယ်ရီသီး
ဘလူးဘယ်ရီမှာ အသားရေကို အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးတဲ့ အန်တီအောက်စီဒင်းတွေ ပါဝင်ပါတယ်။ ဘလူးဘယ်ရီကို မနက်စာ အဆာပြေစားတိုင်း ထည့်စားပေးပါ။
စပင်းနပ် (Spinach)
စပင်းနပ်က ဗီတာမင်ဓာတ်နဲ့ အန်တီအောက်စီဒင်းတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ မျက်လုံးကိုလည်း ဝင်းလက်တောက်ပစေပါတယ်။ တခြားဟင်းသီးဟင်းရွက်စိမ်းတွေအစား စားသုံးကြည့်ပါ။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးမှာ အိုမင်းရင့်ရော်ခြင်းကို ဟန့်တားပေးတဲ့ အန်တီအောက်စီဒင်းပါဝင်ပါတယ်။ အသားရေလှပစေဖို့ ခရမ်းချဉ်သီးဖျော်ရည်သောက်ပြီး ခရမ်းချဉ်သီးဆော့ကို သုံးကြည့်လိုက်ပါ။
ဒိန်ချဉ်
အဆီကင်း ဒိန်ချဉ်ကို နေ့တိုင်းသောက်ပါ။ ဒိန်ချဉ်မှာ သွားတွေကို ဖြူဖွေးသန်မာစေတဲ့ ကယ်လ်စီယမ်ဓာတ် ပါဝင်လို့ ရုပ်ရည်ကို နုပျိုစေပါတယ်။
ကစွန်းဥ
ကစွန်းဥကို အဆာပြေအဖြစ် စားသုံးပါ။ ကစွန်းဥမှာ အိုမင်းရင့်ရော်မှုကို တားဆီးတဲ့ beta-carotene ခေါ် အန်တီအောက်စီဒင်း ပါဝင်ပါတယ်။
Ref: SM
http://www.trend.com.mm/2015/06/19/beauty-6940

No comments:

Post a Comment