CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, June 23, 2015
Apple Music ကနေ 1989 အယ်လ်ဘမ်ကို Taylor Swift ဖယ်ရှား
ကန်းထရီး အဆိုတော် မလေး Taylor Swift ဟာ Apple ကုမ္ပဏီ ကို စာတစ်စောင်ပေးခဲ့ပြီး ထိုစာ ထဲမှာတော့ သူမရဲ့ နောက်ဆုံး အယ်လ်ဘမ် ဖြစ်တဲ့ "1989" ကို Apple ရဲ့ Streaming ၀န်ဆောင်မှု တစ်ခုဖြစ်တဲ့ Apple Music မှာ ဘာကြောင့် အသုံးပြုခွင့် မပေးတော့တာလဲ ဆိုတာ နဲ့ ပတ်သက်ပြီး ရှင်းပြထားပါတယ်။
အဲဒီစာကိုတော့ "Apple ထံသို့ ၊ ချစ်သော Taylor " ဆိုတဲ့ ခေါင်းစဉ်တပ်ထားပြီး Tumblr စာမျက်နှာမှာ ထို စာ ကို Post လုပ်ထားခဲ့တာဖြစ်ပါတယ်။ သူမ ထိုစာ ကို ရေးရခြင်း အကြောင်းအရင်းကတော့ ဇွန်လ ၃၀ ရက်နေ့မှာ စတင်ခဲ့တဲ့ Apple Music ဟာ ၃ လတိတိ အခမဲ့ အသုံးပြုခွင့်ကာလ ပေးထားတဲ့ အတွက်ပဲဖြစ်ပါတယ်။
ဒါကြောင့် Taylor က သူမရဲ့ စာထဲမှာ "အားလုံးကိုအခမဲ့အလုပ်လုပ်ခိုင်းတာဟာမမျှတပါဘူး" လို့ ရေးသားထားတာပဲ ဖြစ်ပါတယ်။
Apple Music ကလည်း ၀န်ဆောင်မှု အတွက် Sign Up လုပ်လာတဲ့ သူတိုင်းကို ၃ လတိတိ အခမဲ့ ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်ပြီး ထို ၃ လစာ အတွက် အဆိုတော် ၊ ထုတ်လုပ်သူ ၊ တေးရေး အားလုံးကလည်း အခမဲ့ သီချင်းအသုံးပြုခွင့် ပေးနေရဦးမှာ ဖြစ်ပါတယ်။
Taylor Swift ကတော့ သူမ အပါအ၀င် အနုပညာရှင်အများစုဟာ Apple ကို လေးစားယုံကြည်ထားတယ်ဆိုတာကိုလည်း ထည့်သွင်းရေးသားခဲ့ပေမယ့်လည်း အနုပညာရှင်တွေရဲ့ ခွင့်ပြုချက်ကို မတောင်းခံပဲ ၃ လ အခမဲ့ ၀န်ဆောင်မှု ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့တာကိုတော့ သူမ နဲ့ ကျန် အနုပညာရှင်တွေက သဘောမကျကြဘူးလို့ လည်း ရေးသားထားပါသေးတယ်။
မနှစ်ကလည်း Taylor ဟာ သူမရဲ့ သီချင်းတွေကို ဂီတ Streaming ၀န်ဆောင်မှု တစ်ခုဖြစ်တဲ့ Sportify ကနေ ဖယ်ရှားခဲ့ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ထို ၀န်ဆောင်မှု စာမျက်နှာကလည်း လစဉ်ကြေးဝန်ဆောင်မှု အပြင် အခမဲ့ ၀န်ဆောင်မှုတစ်ရပ်ကိုပါ ထည့်သွင်းထားခဲ့တဲ့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com
Ref : Starpulse
Apple Music ကနေ 1989 အယ်လ်ဘမ်ကို Taylor Swift ဖယ်ရှား
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 23, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
June 23, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment