Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 23, 2015

Kim Kardashian ရဲ့ဒုတိယမြောက် ရင်သွေးလေးဟာ ယောကျာ်းလေးဖြစ်ကြောင်း ထုတ်ဖော်ကြေညာ





ပျော်ရွှင်နေကြတဲ့ Kim Kardashian နဲ့ Kanye West တို့ဟာ သားငယ်လေးပိုင်ဆိုင်ရမှာဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့ပါတယ်။

Kim, ၃၄နှစ်ဟာ ဒီဇင်ဘာမှာ ရင်သွေးလေးကို မွေးဖွားမှာဖြစ်ပါတယ်။ ဒါကြောင့် ၂ နှစ်သမီးကလေး North မှာ မောင်လေးတစ်ယောက်ရတော့မှာ ဖြစ်ပါတယ်။

Kardashians ကြယ်ပွင့်ဟာ သူ့ရဲ့ကြေညာချက်ကို ခင်ပွန်းဖြစ်သူ Kanye, ၃၈ နှစ်ကို ကိုယ်စားပြုတဲ့အနေနဲ့ နိုင်ငံတကာဖခင်များနေ့မှာ ချစ်စရာအကောင်းဆုံးနည်းလမ်းနဲ့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီသတင်းနဲ့အတူ သူဟာ သမီးလေးNorth နဲ့ဖခင်ဖြစ်သူ ဂီတကြယ်ပွင့်တို့ ဟိုတယ်ခန်းအတွင်းမှာ စာအုပ်တူတူဖတ်နေကြတဲ့ ပုံလေးကို ဖော်ပြခဲ့ပါသတဲ့။

ခင်ပွန်းဖြစ်သူရဲ့ နယ်လှည့်ဂီတဖျော်ဖြေပွဲမှာ အတူတူလိုက်ပါနေတဲ့ Kim ဟာ Twitter နဲ့ Instagram မှာ “ ဒီလို ရှင်နဲ့ တူတူခရီးသွားနေတဲ့ တန်ဖိုးအရှိဆုံးအချိန်တွေအတွက် ကျွန်မက အသက်ရှင်နေတာပါ” လို့ ရေးသားထားခဲ့ပါတယ်။

“ရှင်ဟာ North အတွက် အကောင်းဆုံး အဖေပါ။ ပြီးတော့ ကျွန်မတို့ရဲ့ သားငယ်လေးအတွက်လည်း အကောင်းအဖေဖြစ်လာမှာပါ” လို့လည်း ရေးထားပါတယ်။

ဒီလိုကြေညာတာဟာ လူမှုကွန်ယက်တွေအားလုံးကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေတာ သေချာပါတယ်။

Kim က လွန်ခဲ့တဲ့ သုံးပတ်ကတည်းက သူ့မှာ ဒုတိယမြောက်ရင်သွေးလေး လွယ်ထားရကြောင်း ကြေညာပြီးချိန်ကတည်းက တစ်ကမ္ဘာလုံးမှာရှိတဲ့ သူ့ပရိသတ်တွေဟာ သားသားလား မီးမီးလား သိချင်နေခဲ့ကြတာပါ။

မေ ၃၁ ရက်နေ့က Kim က ဒုတိယမြောက်ရင်သွေးလည်းကို မျှော်လင့်နေကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

သူ့ကို ဆရာဝန်တစ်ယောက်က နောက်ထပ်ကလေးတစ်ယောက်သာ ထပ်ယူမယ်ဆိုရင် သားအိမ်ကိုပါ ထုတ်ပစ်ရနိုင်ကြောင်း သတိပေးဖူးပါသတဲ့။

ပြီးခဲ့တဲ့တစ်ပတ်က North လေးဟာ သူ့ရဲ့၂ နှစ်ပြည့်မွေးနေ့ကို ကယ်လီဖိုးနီးယားပြည်နယ် Disneyland ရဲ့ Orange County ကို မိသားစုခရီးထွက်ရင်း ကျင်းပခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Mirror

No comments:

Post a Comment