Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 23, 2015

သြစတြေးလျ ဘီလျံနာ တစ်ယောက်နဲ့တွဲနေတဲ့ Mariah Carey



ပေါ့ပ် အဆိုတော် Mariah Carey တစ်ယောက် ချစ်သူအသစ် ရနေပြီလား? TMZ သတင်းတွေအရတော့ "Infinity" သီချင်းကိုနောက်ဆုံး ထုတ်လုပ်ထားတဲ့ အဆိုတော် Mariah Carey ဟာ သြစတြေးလျ ဘီလျံနာ James Packer နဲ့ ချစ်သူတွေ ဖြစ်နေကြပြီ လို့ သိရပါတယ်။

သူတို့ စုံတွဲကိုတော့ အီတလီနိုင်ငံ ကာပရီ မြို့မှာ သောကြာင်္နေ့က တစ်ယောက်နဲ့ တစ်ယောက် လက်ချင်းတွဲ ပြီး ကြည်နူးတဲ့ ပုံစံ တွေနဲ့ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

သတင်းဖော်ပြချက်တွေအရတော့ Mariah Carey နဲ့ James Packer တို့ဟာ အပန်းဖြေ ခရီး ရှည်တစ်ခုကို ဆင်နွှဲနေကြတာ ဖြစ်ပြီး သူတို့ ၂ ယောက်ဟာ James Packer ပိုင်ဆိုင်တဲ့ ရွက်လှေနဲ့ ကာပရီကနေ Cannes ကိုသွားဦးမှာ ဖြစ်ပြီး St.Tropez မှာ သူတို့ ၂ ယောက်ရဲ့ ခရီးစဉ် ပြီးဆုံးမှာ ဖြစ်ပါတယ်။

ရင်းနှီးတဲ့ သူတွေ ရဲ့ ပြောကြားချက်အရတော့ သူတို့ ၂ ယောက်ဟာ ၂ ယောက်လုံးနဲ့ ခင်တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ Brett Ratner ရဲ့ မိတ်ဆက်ပေးမှု ကြောင့် စတင်သိကျွမ်းခဲ့ကြတာဖြစ်ပါတယ်။ US Weekly သတင်းဌာနက ဖော်ပြထားတာတော့ James ဟာ Ratner ရဲ့ ရုပ်ရှင် ကုမ္ပဏီ ကို တွဲဖက် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

Mariah Carey နဲ့ Brett Ratner တို့ ၂ ယောက်ကတော့ အချိန်ကြာကြာ ခင်မင်လာခဲ့တဲ့ သူငယ်ချင်းကောင်းတွေဖြစ်ကြပြီး သူတို့ ၂ ယောက်တွဲနေကြတယ်လို့ ကောလာဟလ တွေ ထွက်ပေါ်လာခဲ့တဲ့အတွက်လည်း ဖြေရှင်းခဲ့ရဖူးပါတယ်။

James Packer ကတော့ လက်ရှိ သြစတြေးလျ ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် တွေထဲမှာ စတုထ္ထမြောက် အချမ်းသာဆုံးဖြစ်သလို သြစတြေးလျ မှာ ဟိုတယ်နဲ့ လောင်းကစားရုံ အမြောက်အမြား ကို ပိုင်ဆိုင်တယ်လို့လည်း သိရပြီး သူဟာ ဒေါ်လာ ၄.၆ ဘီလီယံ ခန့် ချမ်းသာ ကြွယ်ဝတယ်လို့ သိရပါတယ်။

Mariah Carey ကတော့ Nick Cannon နဲ့ ဇန်န၀ါရီလကပဲ တရားဝင်ကွာရှင်းခဲ့ပြီး ၆ နှစ်တာ အိမ်ထောင်ရေး တစ်ခုကို အဆုံးသတ်ခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celeberity.thithtoolwin.com

Ref : Starpulse

No comments:

Post a Comment