Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 5, 2015

ဂျပန်နာရီတာ လေဆိပ်မှာ လေယာဉ်ခရီးစဉ်တွေ နှောင့်နှေးစေခဲ့တဲ့ တေလာဆွစ်ဖ်


အမေရိကန်ပေါ့ပ်ကြယ် ပွင့် တေလာဆွစ်ဖ်၏ လေယာဉ်သည် မေလ ၃ ရက်တွင် ဂျပန်နိုင်ငံ ချီဘားမြို့ရှိ နာရီတာအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက် စဉ် လေဆိပ်ထဲ၌ တေလာဆွစ်ဖ် ကို တွေ့မြင်လိုသော ပရိသတ်များ နှင့် ပြည့်သွားခဲ့၍ လေယာဉ်ခရီးစဉ်များ နှောင့်နှေးခဲ့ရသည်။
နာရီတာလေဆိပ်ထဲသို့ တေလာဆွစ်ဖ်ရောက်ရှိစဉ် ပရိသတ်များက ၎င်းကိုနှုတ်ဆက်ခဲ့ကြပြီး အနားသို့ကပ်ရန်ကြိုးစားခဲ့ ကြသည်။ လေဆိပ်ထဲ၌ လူများ ဖြင့်ပြည့်ကျပ်နေခြင်းကြောင့် လေ ဆိပ်သို့လာသော အနည်းဆုံးလေ ယာဉ်ခရီးစဉ်နှစ်ခု နှောင့်နှေးကြန့် ကြာခဲ့သည်ဟု TMZ သတင်းက ဖော်ပြသည်။ တေလာဆွစ်ဖ် ရောက်ရှိလာမှုကြောင့် လေဆိပ်အနီးတစ်ဝိုက်၌ ယာဉ်အသွား အလာများပြားခဲ့သည်။

တေလာဆွစ်ဖ်သည် ၎င်း၏ ကမ္ဘာလှည့်ဖျော်ဖြေပွဲ 1989 အစီ အစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ဂျပန်နိုင်ငံသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ တေလာဆွစ်ဖ်၏ 1989 ကမ္ဘာလှည့်ဖျော်ဖြေပွဲ ပထမဆုံးတင်ဆက်မှုကို မေလ ၅ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ ပြုလုပ်မည်ဖြစ်သည်။
 —Ref: UPI
http://7daydaily.com/story/36554#.VUkL8ZOIXao

No comments:

Post a Comment