Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 27, 2015

အင်္ဂါဂြိုဟ်စူးစမ်း လေ့လာရေးယာဉ်ကို ပိုးသတ်သန့်စင်ပြီး ၂၀၁၉ ခုနှစ်တွင် လွှတ်တင်မည်



လန်ဒန် ၊ ၂၇-၅-၂၀၁၅

Airbus ကာကွယ်ရေးနှင့် အာကာသ လုပ်ငန်းသုံး စက်မှုလုပ်ငန်းမှ UK နိုင်ငံ လေကြောင်းနှင့် အာကာသ သုတေသန ဌာနတွင် အသစ် တည်ဆောက်ပြီး ဖြစ်သော ဥရောပ အာကာသ အေဂျင်စီပိုင် Exo-Mars အင်္ဂါဂြိုဟ် စူးစမ်း လေ့လာရေး ယာဉ်ကို အချိန်သုံးလ ထက်မနည်း ယူကာ ပိုးသတ်ခြင်း၊ ကမ္ဘာပေါ်မှ မည်သည့် ဓာတ်သတ္တုမှ ပါမသွားအောင် သန့်စင်ခြင်းများ ပြုလုပ် သွားမည် ဖြစ်ကြောင်း သိရသည်။

Exo-Mars ကို အင်္ဂါဂြိုဟ် ပေါ်သို့  ၂ဝ၁၉ ခုနှစ်တွင် လွှတ်တင်မည် ဖြစ်ကာ ယခင်နှင့် ယခုအချိန် များတွင် သက်ရှိ ဘဝများ ရှိ၊ မရှိ စူးစမ်းရှာဖွေ သွားမည် ဖြစ်ကြောင်း၊ ထိုသို့ စူးစမ်းရှာဖွေ ရာတွင် ကမ္ဘာပေါ်မှ ဓာတ်သတ္တု အမှုန်အမွှား တစ်စ ပါသွားလျှင် ကြီးစွာသော ရှုပ်ထွေးမှု ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် Exo-Mars တွင် အခြားသော စက်ပစ္စည်းများ ဆက်လက် မတပ်ဆင်မီ မှာပင် ယခုကဲ့သို့ အချိန် သုံးလ ကြာအောင် ပိုးသတ်ခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်း တို့ ကို ဆောင်ရွက် သွားရန် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

'' Exo-Mars ကို သန့် ရှင်းရေး လုပ်သွားမယ့် ခန်းမကို Class-8 အဆင့် သတ်မှတ်ထား ပါတယ်။ ပထမဆုံး ဒီခန်းမထဲမှာ ဗက်တီးရီးယား တွေ၊ မှိုတွေ ဘာမျှ မကျန်အောင် ရှင်းရပါမယ်။ ဒီထဲဝင်တဲ့ လေကအစ ကျွန်တော်တို့ စစ်ထားပါတယ်။ ဒီခန်းမထဲကို ဝင်ထွက်မယ့် သူတွေအားလုံး အခုအချိန် ကစပြီး Bunny Suit လို့ ခေါ်တဲ့ ပိုးသတ် ဝတ်စုံကို ဝတ်ဆင် ရပါမယ် '' ဟု တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

''အခု ခင်ဗျား လက်ဖဝါးပေါ် မှာတောင် ဗက်တီးရီးယား ထောင်ပေါင်း များစွာ ရှိနေနိုင်တဲ့ အတွက် ဒီအခန်း တစ်ခန်းလုံး၊ ဒီ Exo-Mars ယာဉ်ကြီး တစ်ခုလုံးကို ဗက်တီးရီးယား လုံးဝ ကင်းစင်အောင် လုပ်ဖို့ ဆိုတာကတော့ အတော့်ကို စိန်ခေါ်မှု ရှိပါတယ်။ ပိုးသတ်ဆေးကို နေ့ စဉ်ဖျန်း ရပါမယ်။ အခန်းထဲ ထားထားမယ့် ပိုးသတ်ဆေး ဘူးတွေ ကိုလည်း ပုံမှန် လဲလှယ်ပေး ရပါမယ်။ ဒါပေမဲ့ လိုအပ်တာတွေ ကို ပြင်ဆင်ထားပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အောင်မြင်အောင် ဆောင်ရွက် နိုင်မှာပါ '' ဟု ၄င်းက ဆက်လက် ရှင်းပြသည်။

Exo-Mars ၏ ပင်မ အစိတ် အပိုင်းများကို တပ်ဆင်ပြီ ဖြစ်ကာ သန့်ရှင်းရေး ပြုလုပ်ပြီးနောက် အဝေးမှ ထိန်းချုပ်နိုင်မည့် စက်ပစ္စည်း များကို တပ်ဆင် သွားမည် ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment