Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 27, 2015

တရားမ၀င် အုတ်ဂူဖောက်ထွင်း ခိုးယူသူ ၁၇၅ ဦးနှင့် ဒေါ်လာသန်း ၈၀ ခန့်တန်ဖိုးရှိ ရှေးဟောင်း အမွေအနှစ်ပစ္စည်းများ သိမ်းဆည်းရမိ



China arrests 175, recovers $80m in antiquities

ပေကျင်း ၊ ၂၇-၅-၂၀၁၅

တရုတ်နိုင်ငံတွင် သင်္ချိုင်း အတွင်းရှိ အုတ်ဂူများကို တရားမဝင် တူးဖော်သူများကို ပစ်မှတ်ထား ဖမ်းဆီးခဲ့သည့် စစ်ဆင်ရေး အတွင်း အုတ်ဂူတူးဖော်သူ ၁၇၅ ဦးကို ဖမ်းဆီး နိုင်ခဲ့ပြီး ၄င်းတို့ ခိုးယူထားသည့် ရှေးဟောင်း အမွေအနှစ် ၁၁၆၈ ခုကို ပြန်လည် သိမ်းဆည်း ရမိခဲ့ကြောင်း ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနက ယမန်နေ့တွင် သတင်းထုတ်ပြန် ခဲ့သည်။

အဆိုပါ အုတ်ဂူ ဖောက်ထွင်းရေး သမားများကို ဖမ်းဆီးရမိ ခဲ့ခြင်းသည် နိုင်ငံ တည်ထောင်ချိန်မှ စ၍ အကြီးမား ဆုံးသော ဖမ်းဆီး ရရှိမှုဖြစ်ပြီး သိမ်းဆည်း ရမိခဲ့သည့် ရှေးဟောင်း အမွေအနှစ် များ၏ တန်ဖိုးမှာ ယွမ်သန်း ၅ဝဝ ကျော် (ဒေါ်လာ သန်း ၈ဝ) ခန့် ရှိကြောင်း သိရသည်။

အဆိုပါအုတ်ဂူ ဖောက်ထွင်းရေး သမားများသည် လျှောင်းနင် ပြည်နယ် ဟေးလျှန်မြို့ ရှိ သင်္ချိုင်းများ အတွင်း ဖောက်ထွင်းခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့၏ လက်ချက်ကြောင့် သင်္ချိုင်းမှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ ရကြောင်း အာဏာပိုင် များက ထုတ်ဖော် ပြောကြား ခဲ့သည်။

ဖမ်းဆီးရမိ ခဲ့သည့် အုတ်ဂူ ဖောက်ထွင်းရေး သမားများမှာ နိုင်ငံအတွင်းရှိ ဂိုဏ်း ၁ဝ ဂိုဏ်းမှ အဖွဲ့ဝင်များ ဖြစ်ကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment