Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 27, 2015

အီဘိုလာ ရောဂါပိုးကြောင့် သေဆုံးသွားသူကို ရုပ်ဖျက်၍ အငှားယာဉ်ပေါ်သို့ တင်ဆောင်ခဲ့သူများကို အာဏာပိုင်များ ဖမ်းဆီး



ကိုနာကရီ ၊ ၂၇-၅-၂၀၁၅

ဂီနီနိုင်ငံတွင် အီဘိုလာ ရောဂါပိုး ကူးစက်မှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်း တစ်လောင်းကို ရုပ်ဖျက်၍ အငှားယာဉ် တစ်စီးပေါ်သို့ တင်ဆောင် လာခဲ့သူများကို အာဏာပိုင် များက ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

အာဏာပိုင် များသည် အဆိုပါ ရုပ်အလောင်းအား သယ်ဆောင် ခဲ့သူခြောက်ဦးကို မေ ၂၅ ရက်က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပြီး ၄င်းတို့သည် ရုပ်အလောင်းကို နေကာမျက်မှန် တပ်ဆင်ပေး၍ တီရှပ်နှင့် ဂျင်းဘောင်းဘီ ကို ဝတ်ဆင်ပေးကာ မော်တော်ကား ပေါ်၌ အခြားသူ နှစ်ဦး၏ အလယ်တွင် လိုက်ပါ လာစေခဲ့ကြောင်း၊ သို့သော် စစ်ဆေး ရေးဂိတ် တစ်ခုတွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက လှုပ်ရှားမှု မရှိသည့် အဆိုပါ ရုပ်အလောင်းကို သံသယ ဖြစ်၍ စစ်ဆေးခဲ့ရာမှ ၄င်းတို့ ခြောက်ဦးကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဂီနီနိုင်ငံတွင် အီဘိုလာ ရောဂါပိုး ကူးစက်ခံ ရမှုကြောင့် သေဆုံးသွား သူများကို အာဏာပိုင် များထံ အကြောင်းကြားရန် လိုအပ်ပြီး ယခု ဖမ်းဆီးခံရသူ အားလုံးမှာ ရောဂါပိုး ကူးစက်ခံ ထားရခြင်း မရှိပါက ၄င်းတို့ကို တရားစွဲဆို သွားမည်ဟု သိရသည်။

အီဘိုလာ ရောဂါပိုး သည် ပြီးခဲ့သည့် နှစ်အတွင်းက အနောက် အာဖရိကမှ စတင်ပျံ့နှံ့ ကူးစက်လာ ခဲ့ရာ ယခုအခါ ယင်း ရောဂါပိုး ကူးစက်မှုကြောင့် ဂီနီနိုင်ငံတွင် လူပေါင်း ၂၅ဝဝ သေဆုံး ခဲ့ရကြောင်း သိရသည်။

#PyiChitThar

No comments:

Post a Comment