Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 27, 2015

တရုတ်ဘီလျံနာ အိမ်မွေးခွေးအတွက် ပေါင် ၈၀၀ တန် iWatch နာရီနှစ်လုံးဝယ်ပတ် ပေးထားကြောင်း လှုမှုကွန်ရက်မှာထုတ်ကြွား

ဘီလျံနာသန်းကြွယ်သူဌေးတွေအဖို့တော့ ငွေဆိုတာ ထားစရာနေရာမရှိတော့လောက် အောင်ကိုများပြားလွန်းပါတယ်။ ဇိမ်ခံစံအိမ်၊ ဇိမ်ခံပစ္စည်းတွေနဲ့ငွေ ဖြုန်းတီးနိုင်တဲ့နေရာ တွေ၊ လူကုန်ထံအသိုင်းအဝိုင်းတွေနဲ့ ပါတီပွဲတွေ၊ အစရှိတဲ့ ငွေသုံးတဲ့နေရာ၊ ဖြုန်းမယ့် နေရာတွေကုန်သွားသည့် တိုင်အောင် ပိုက်ဆံတွေကပိုလွန်းနေပါတယ်။
Party time: Wang Sicong celebrated his 27th birthday in January at a resort in Sanya. Many celebrities were invited to his party and Korean girls band, T-ara, staged a private concert for him

သူတို့တွေရဲ့ဒီလိုမျိုးစည်းစိမ်ခံပြီးငွေကြေးသုံးစွဲတဲ့နေရာမှာလည်း ဈေးကြီးပေးဝယ်ထားရတဲ့အိမ်
မွေးတိရစ္ဆာန်တွေလည်း ပါဝင်ပါတယ်။တရုတ်နိုင်ငံ သန်းကြွယ်သူဌေး ဝမ်ဂျီရန်လင်း ရဲ့ သားဖြစ်သူက သူ့ရဲ့ အိမ်မွေးတိရ စ္ဆာန်ခွေးမအတွက် ပေါင် ၈၀၀ တန် Apple အမှတ်တံဆိပ် iWatch လက်ပတ်နာရီနှစ် လုံးဝယ်ပေးပြီး ပတ်ပေးထားတာကို လူမှုကွန်ရက်မှာ ပို့စ်တင်ကြွားဝါထားပါတယ်။
Fan of pop music: Sicong is pictured with AKB48, a Japanese girl band he likes

ဖခင် ဖြစ်သူရဲ့ လက်ရှိပိုင်ဆိုင်မှုက စတာလင်ပေါင် ၂၅ ဘီလျံနဲ့ နိုင်ငံတွင်းအချမ်းသာဆုံး စာရင်းရဲ့ ထိပ်ဆုံးနေရာမှာရှိနေတာဖြစ်ပြီး သားဖြစ်သူ ဝမ်စီကုန်ကလည်း ကိုယ်ပိုင်စီး ပွားရေးနဲ့ ပိုင်ဆိုင်ပေါင် သန်း ၅၀ အထိရှိနေတာလည်းဖြစ်ပါတယ်။

ငွေကြေးပိုင်ဆိုင်မှုများတဲ့ ဝမ်စီကုန်က သူ့ရဲ့ အိမ်မွေးခွေးမအတွက် ထိုသို့ များပြားတဲ့ ငွေကြေးသုံးစွဲမှုတွေအပြင် နာမည်ကြီးအမှတ်တံဆိပ် ခွေးအသုံးအဆောင်ပစ္စည်းတွေ ကို ဈေးကြီးပေးဝယ်ပြီး အခြားသောငွေကြေးသုံးစွဲတာမျိုးတွေလည်း ရှိခဲ့ဖူးပါတယ်။

Credit: Phothutaw

No comments:

Post a Comment