ဗြိတိန်နိုင်ငံရှိ တက္ကသိုလ်တစ်ခုမှ အိပ်စက်ခြင်းနဲ့ ပက်သက်လို့ သုတေသန
ပြုလုပ်ခဲ့ပါတယ်။ ယင်း သုတေသန ကတော့ အသက် ၄၆ နှစ်အရွယ် ရှိတဲ့ အမျိုးသမီး
တစ်ဦးကို တစ်ပတ်တာမှာ တစ်ရက် ၈ နာရီ အိပ်စေပြီး နောက်တစ်ပတ်တာမှာ တစ်ရက် ၆
နာရီသာ အိပ်စေခြင်း ဖြစ်ပါတယ်။ ယင်း စမ်းသပ်မှုကို ပြုလုပ်ဖို့အတွက်
အမျိုးသမီးရဲ့ ကျန်းမာရေးကိုလည်း သေချာ စစ်ဆေးပြီး ပြုလုပ်ခဲ့ခြင်း
ဖြစ်ပါတယ်။
ရလဒ်ကတော့ ပုံမှာ မြင်တွေ့ရသလိုပဲ တစ်ရက်ကို ၆ နာရီပဲ အိပ်စက်ရတဲ့ ရုပ်ဟာ သူမရဲ့ ရှိရင်းစွဲ
အသက်ထက် ပိုပြီးတော့ ရင့်အိုသွားပါတယ်။ ဗြိတိန်နိုင်ငံတင်မကပဲ အခြားသော
နိုင်ငံကြီးများမှ အမျိုးသမီး၊ အမျိုးသားများဟာ အိပ်ချိန်တွေ တဖြည်းဖြည်း
နည်းပါလာကြောင့် စစ်ဆေးတွေ့ရှိခဲ့ကြ ပါတယ်။ တစ်ရက်ကို ၆ နာရီအောက်တဲ့အထိ
ရောက်လာပြီး ယင်းဟာ မိမိကို အိုမင်းစေခြင်း အပြင် အခြားသော
ကျန်းမာရေးကိုလည်း ထိခိုက်စေတာကို တွေ့ရှိခဲ့ပါတယ်။ အစားအသောက် စားချင်စိတ်
ပျောက်ခြင်း၊ ခေါင်းမူး၊ အားနည်းခြင်းတို့ ဖြစ်တတ်ပါတယ်။
တစ်ရက်ကို ပျမ်းမျှ ၇ နာရိဆိုပေမယ့် ၈ နာရီ ပတ်ဝန်းကျင် အိပ်စက်ခြင်း
ကျန်းမာရေးအတွက် ပိုလို ကောင်းမွန်စေကြောင်း ဆိုပါတယ်။ ယင်းအိပ်ချိန်ထပ်
ပိုအိပ်လို့လည်း ကျန်းမာရေး ကောင်းကျိုး မပေး ပါဘူး။ ဒါကြောင့်မို့
မိမိတို့ရဲ့ အိပ်ချိန်မှန်မှ ကျန်းမာရေးအတွက်ကော၊ ရုပ် အသွင်အပြင်
အတွက်ကော ကောင်းစေမှာ ဖြစ်ကြောင်း ဆိုထား ပါတယ်။
yoyarlay
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, May 18, 2015
တစ်နေ့ကို ၈ နာရီ အိပ်သင့်တဲ့ အကြောင်း
တစ်နေ့ကို ၈ နာရီ အိပ်သင့်တဲ့ အကြောင်း
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 18, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 18, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment