ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဟောင်ကောင် အမျိုးသမီးတစ်ဦးဟာ
ကိုယ်လုံးချွတ် ကြိုးခုန်စ တန့်လုပ်ထားတဲ့ ဗီဒီယိုကို ထိုင်းလူမှုမီဒီယာ
ဝက်ဆိုက်တစ်ခုပေါ် တင်ပြီးသည့်နောက် အွန်လိုင်းမှတဆင့် ပြင်းပြင်းထန်ထန်
ရှုံ့ချခံခဲ့ရပါတယ်။
ခုန်ဖို့ ပြင်ဆင်နေစဉ် သူမက ဘီကီနီအနက်ရောင်
ဝတ်ဆင်ထားပြီး မခုန်ခင်လေးမှာ ချွတ်ချလိုက်ပါတယ်။ မြေပြင်မှာ ကျန်ခဲ့တဲ့
သူငယ်ချင်းများက သူမကို ဓာတ်ပုံရိုက်၊ ဗွီဒီယိုမှတ်တမ်းတင်ဖို့
ကူညီပေးကြပါတယ်။
ချင်းမိုင်မြို့ကို ထိုင်းနိုင်ငံမှာ အဖိုးတန်တဲ့
ယဉ်ကျေးမှုအမွေအနှစ် တစ်ခုရှိတဲ့ မြို့တစ်မြို့အဖြစ် သတ်မှတ်ခံထားရပြီး
အာဏာပိုင်တွေအနေနဲ့လည်း ထိုဒေသရဲ့ဂုဏ်သိက္ခာကို ညစ်ညမ်းစေမယ့် ရိုင်းပျတဲ့
အပြုအမူကို လက်မခံကြပါဘူး။ အင်တာနက် အွန်လိုင်းပေါ် စိတ်ဝင်စားမှုရှိတာ
သတိထားမိပြီးနောက် စုံစမ်းစစ်ဆေးမှုဆောင်ရွက်ဖို့ ဒေခံရဲတပ်ဖွဲ့က
၎င်းကုမ္ပဏီဆီ သွားရောက်ခဲ့ပါတယ်။
တာဝန်ရှိ ဝန်ထမ်းဖြစ်တဲ့ Bancha
Chulakul က ဒီဖြစ်ရပ်က မေလ ၆ ရက်မှာ ဖြစ်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပြီး
အများရှေ့မှာ ဒီလို သူ့ရဲ့အပြုအမူအတွက် တောင်းပန်ပြောဆိုခဲ့ပါတယ်။ သူ အဲဒီ
ဗီဒီယိုပျံ့နှံ့ခဲ့မယ်လို့ မမျှော်လင့်ခဲ့ကြောင်း ပြောဆိုခဲ့ပြီး
ဒီလိုအဖြစ်မျိုး ထပ်မပွားစေဖို့ ကတိပေးခဲ့ပါတယ်။
အော်ပရေတာကို ရဲမှ ဖမ်းဆီးချုပ်ထားခဲ့ပေမယ့် ဘတ်ငွေ ၁၀၀၀ (ခန့်မှန်းခြေ ၃၀ ဒေါ်လာ) ဒဏ်ငွေပေးဆောင်ပြီး နောက်ပြန်လွတ်ပေးခဲ့ပါတယ်။
ကောင်မလေးကတော့ ပြန်သွားပြီလို့ သိရပေမယ့် ၄င်းဓာတ်ပုံတွေ
ပုံနှိပ်ထုတ်ဝေခြင်းမှ တားမြစ်ဖို့ ဟောင်ကောင်ရှိ
ထိုင်းကောင်စစ်ဝန်ရုံးကို ဆက်သွယ်ဖို့ ရည်ရွယ်ထားပါတယ်။
http://www.trend.com.mm
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, May 18, 2015
ချင်းမိုင်မြို့မှာ ကိုယ်တုံးလုံးချွတ် ဒိုင်ဗင်ကြိုးခုန်မှု ပြုလုပ်ခဲ့တဲ့ ဟောင်ကောင်မော်ဒယ်
ချင်းမိုင်မြို့မှာ ကိုယ်တုံးလုံးချွတ် ဒိုင်ဗင်ကြိုးခုန်မှု ပြုလုပ်ခဲ့တဲ့ ဟောင်ကောင်မော်ဒယ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 18, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 18, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment