Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 18, 2015

ဘဏ်အကောင့်နှင့် ATM ကတ်မရှိသော်လည်း ဘဏ်မှတစ်ဆင့်ငွေပေးချေနိုင်သည့် ၀န်ဆောင်မှုသစ် ကမ္ဘောဇဘဏ် မိတ်ဆက်


ဘဏ်အကောင့်နှင့် ATM ကတ်မရှိသူများအနေဖြင့် ငွေပေးချေသည့် ၀န်ဆောင်မှုအသုံးပြုနိုင်ရန် Quick Pay အမည်ဖြင့် ၀န်ဆောင်မှုအသစ်ကို ကမ္ဘောဇဘဏ်က မိတ်ဆက်လိုက်ကြောင်း သတင်းရရှိသည်။
‘‘Quick Pay က ဘဏ်အကောင့်မရှိတဲ့လူတွေအတွက် ငွေပေးချေမှုတွေ ပြုလုပ်နိုင်ဖို့ သီးသန့်လုပ်ပေးလိုက်တဲ့ ၀န်ဆောင်မှုတစ်ခုပါ။ ဥပမာ-လေယာဉ်လက်မှတ်တို့၊ အဝေးပြေးကားလက်မှတ်တို့ ၀ယ်ချင်ရင် အနီးဆုံးကမ္ဘောဇဘဏ်ခွဲမှာ ငွေသွားသွင်းလိုက်တာနဲ့ တစ်ခါတည်းဝယ်လို့ရတဲ့သဘောမျိုးပါပဲ’’ဟု ကမ္ဘောဇဘဏ်၏ Multichannel Banking ဌာန အထွေထွေမန်နေဂျာဦးစိုးတင်မောင်ဇော်က ပြောသည်။
လက်ရှိတွင် Quick Pay ၀န်ဆောင်မှုမှ ငွေပေးချေခြင်းပြုလုပ် ရာ၌ လေယာဉ်လက်မှတ်ဝယ်ယူခြင်းအတွက် စတင်ပြုလုပ်နိုင်ပြီဖြစ်ပြီး မကြာမီလပိုင်းအတွင်း အဝေးပြေးယာဉ်လိုင်း လက်မှတ်ဝယ်ယူခြင်း၊ဖုန်းဘီလ်ဖြည့်သွင်းခြင်း၊ ကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများအား ငွေပေးချေခြင်းတို့အတွက် ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘လက်ရှိမှာ ၀န်ဆောင်မှုတွေ တိုးချဲ့နိုင်ဖို့အတွက် ဆက်သွယ်ရေးအော်ပရေတာတွေ၊ ယာဉ်လိုင်းတွေ၊ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းမှုတွေပြုလုပ်နေပါတယ်။ မကြာခင်မှာ အသုံးပြုနိုင်အောင် လုပ်ပေးသွားဖို့ရှိပါတယ်’’ဟု ဦးစိုးတင်မောင်ဇော်က ရှင်းပြသည်။
Quick Pay ၀န်ဆောင်မှုကို အသုံးပြုလိုသူများအနေဖြင့် နိုင်ငံ တစ်ဝန်းရှိ ကမ္ဘောဇဘဏ်ခွဲတိုင်းတွင် ငွေပေးချေခြင်းများ သွားရောက်ပြုလုပ်နိုင်ပြီး ငွေပေးသွင်းသူ၏ အချက်အလက်နှင့် ပေးသွင်းသည့် ပမာဏကို Email နှင့် SMS တို့မှတစ်ဆင့် သက်ဆိုင်ရာကုမ္ပဏီထံသို့ အချိန်နှင့်တစ်ပြေးညီပေးပို့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
7Day Daily

No comments:

Post a Comment