Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 21, 2015

စင်္ကာပူ ကုမ္ပဏီက မြန်မာမှာ လျှပ်စစ်စက်ရုံတည်

(Credit: ABC)

 စင်္ကာပူနိုင်ငံက ​ကုမ္ပဏီ ​တစ်ခုက ​ရန်ကုန်တိုင်းအတွင်းမှာ ​လျှပ်စစ်စက်ရုံ ​တစ်ခု ​တည်ဆောက်ပေးမယ်လို့ ​သိရပါတယ်။

Royal ​GK ​ကုမ္ပဏီက ​သဘာဝ ​ဓာတ်ငွေ့နဲ့ ​လည်ပတ်မယ့် ​လျှပ်စစ်စက်ရုံ ​တစ်ခုကို ​တည်ဆောက်ပေးမှာ ​ဖြစ်ပါတယ်။

အဲဒီ ​ကုမ္ပဏီကို ​United ​Overseas ​Bank ​(UOB) ​က ​ငွေကြေးထောက်ပံ့မှာ ​ဖြစ်ကြောင်း ​UOB ​က ​မနေ့က ​ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ​လူဦးရေ ​လေးပုံ ​တစ်ပုံကသာ ​လျှပ်စစ်မီးတွေ ​ရရှိနေတယ်လို့ ​အာရှဖွံ့ဖြိုးရေးဘဏ်က ​ပြောဆိုထားပြီး ​ယုံကြည်စိတ်ချရတဲ့ ​လျှပ်စစ်မီးတွေ ​ရရှိဖို့ ​လိုအပ်နေတာကြောင့် ​မြန်မာ ​အစိုးရက ​အခုလို ​လျှပ်စစ်တွေရဖို့ ​လုပ်ဆောင်နေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ​စီးပွားရေး ​တိုးတက်ဖို့နဲ့ ​အလုပ်အကိုင်တွေ ​ရှိဖို့အတွက် ​လျှပ်စစ်တွေ ​အလုံအလောက် ​ရှိဖို့ ​လိုအပ်တာကြောင့် ​လျှပ်စစ် ​စက်ရုံ ​တည်ဆောက်ရေး ​ကိစ္စမှာ ​ငွေကြေးတွေ ​ထောက်ပံ့တာဖြစ်ကြောင်း ​UOB ​ဘဏ်က ​Channel ​News ​Asia ​ကို ​ပြောသွားခဲ့ပါတယ်။

အဲဒီ ​ရန်ကုန်တိုင်းက ​လျှပ်စစ်စက်ရုံကို ​ဇွန်လမှာ ​အပြီး ​တည်ဆောက်မှာ ​ဖြစ်ပြီး ​အဲဒီကနေ ​တစ်နှစ်ကို ​လျှပ်စစ် ​မီကာဝတ်တ် ​175000 ​ထုတ်လုပ်နိုင်မယ်လို့ ​ဆိုပါတယ်။

UOB ​အနေနဲ့ ​မြန်မာနိုင်ငံမှာ ​အလုပ်လုပ်နေတဲ့ ​ကုမ္ပဏီ ​တချို့ကို ​ငွေကြေး ​ထောက်ပံ့တာတွေ ​လုပ်နေပြီး ​အဲဒီအထဲမှာ ​မွန်ပြည်နယ်နဲ့ ​မန္တလေးတိုင်းမှာ ​ဆောက်လုပ်နေတဲ့ ​စွမ်းအင်စက်ရုံတွေလည်း ​ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ​ဘဏ်လုပ်ငန်း ​လုပ်ကိုင်ခွင့် ​ရထားတဲ့ ​နိုင်ငံခြားဘဏ် ​၉ ​ခုထဲမှာ ​UOB ​ဘဏ်လည်း ​ပါဝင်နေတာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

No comments:

Post a Comment