CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, April 21, 2015
အနည်းဆုံး လုပ်ခ၊ လစာသတ်မှတ်ရန် ဦးရွှေမန်းနှင့် အလုပ်ရှင် အလုပ်သမားများ တွေ့ဆုံဆွေးနွေးမည်
နေပြည်တော် (မဇ္ဈိမ)။ ။ အနည်းဆုံးလုပ်ခ၊ လစာ သတ်မှတ်နိုင်ရန် ပြည်ထောင်စုလွှတ်တော် နယက သူရဦးရွှေမန်း၊ အလုပ်ရှင် အလုပ်သမားများနှင့် လွှတ်တော်တို့ သုံးပွင့်ဆိုင်တွေ့ဆုံမှုကို ယခုလ ၂၄ ရက်တွင် ပြုလုပ်မည်ဟု လှိုင်သာယာ စက်မှုဇုန် ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။
"အလုပ်ရှင်ဘက်ကလည်း တင်ပြစရာရှိတာတွေ တင်ပြကြမှာပေါ့။ အလုပ်သမားတွေကလည်း တင်ပြစရာတွေ ရှိတာပဲလေ။ ပြောချင်တဲ့ အခွင့်အရေးလေးတွေ တင်ပြကြမယ်။ နယကကြီးက နားထောင်မယ် ပြန်ဆွေးနွေးမယ်ထင်တယ်" ဟု ဦးမြတ်သင်းအောင်က မဇ္ဈိမကို ပြောသည်။
စက်ရုံ အလုပ်ရုံပေါင်း တစ်ထောင်ကျော်ရှိပြီး အလုပ်သမား နှစ်သိန်းကျော်အထိ လုပ်ကိုင်လျှက်ရှိသည့် လှိုင်သာယာမြို့နယ်ရှိ ကနောင်ခန်းမတွင် နံနက် ၉း၀၀ နာရီတွင် တွေ့ဆုံရန် စီစဉ်ထားသည်။
"စက်ရုံပိုင်ရှင်များကိုယ်စား တတ်နိုင်သလောက် ဆွေးနွေးနိုင်အောင် ပြုလုပ်ပေးသလို အလုပ်သမားများလည်း ဆွေးနွေးနိုင်အောင် စီစဉ်ဆောင်ရွက်ပေးသွားမှာပါ" ဟု ဦးမြတ်သင်းအောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် လုပ်ခအနည်းဆုံး အခကြေးငွေ သတ်မှတ်ရန်အတွက် စစ်တမ်းများ ကောက်ယူရာတွင် လူတစ်ဦးလျှင် တစ်ရက်ပျမ်းမျှ ကုန်ကျစရိတ် ကျပ် ၃၅၀၀ ကုန်ကျသည့်အတွက် တစ်ရက်လုပ်အားခ ကျပ် ၅၀၀၀ သတ်မှတ်ရန် အလုပ်သမား အလုပ်အကိုင်ရှာဖွေးရေးနှင့် အလုပ်သမား ဝန်ကြီးဌာနသို့ အဆိုပြုတင်ပြထားသည်။
ရန်ကုန်တိုင်းမှ အဆိုပြုသည့် တစ်နေ့လုပ်အားခ ကျပ် ၅၀၀၀ ပေးနိုင်ခြင်း ရှိမရှိကို အလုပ်သမား အလုပ်အကိုင်ရှာဖွေးရေးနှင့် လူမှုဖူလုံးရေး ဝန်ကြီးဌာနက စက်ရုံပိုင်ရှင် လုပ်ငန်းရှင်များ ညှိနှိုင်းမှုကို ဧပြီ ၂၅ ရက် UMFCCI တွင် ပြုလုပ်မည် ဖြစ်သည်။
http://www.mizzimaburmese.com/
Labels:
Hluttaw,
Myanmar Worker,
worker,
လွှတ်တော်
အနည်းဆုံး လုပ်ခ၊ လစာသတ်မှတ်ရန် ဦးရွှေမန်းနှင့် အလုပ်ရှင် အလုပ်သမားများ တွေ့ဆုံဆွေးနွေးမည်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
April 21, 2015
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment