Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 21, 2015

သံတွဲမြို့နယ်တွင် ပျံလွန်တော်မှုသွားသော မပုပ်မသိုး ဆရာတော်နှစ်ပါးမှ ဓါတ်တောက်၍ လူပေါင်း ထောင်ချီ လာရောက် ဖူးမျှော်

(မပုပ်မသိုး ဆရာတော် တစ်ပါးအားတွေ့ရစဉ်)
ဧပြီ ၂၁

ရခိုင်ပြည်နယ် သံတွဲမြို့နယ် မဲနယ်ကွင်း ကျေးရွာအုပ်စု ဇလွန်ကျေးရွာရှိ ပျံလွန်တော်မူ သွားခဲ့ပြီ ဖြစ်သော် လည်း မပုပ်မသိုးဘဲ ရှိနေသော ဆရာတော်နှစ်ပါး၏ ခန္ဓာကိုယ်မှ ဓါတ်တောက်နေကြောင်း သတင်းများ ထွက်ပေါ်လာ ပြီးနောက် ဒေသခံပြည်သူများ ထောင်နှင့်ချီပြီး နေ့စဉ် လာရောက် ဖူးမျှော်နေကြသည်ဟု ဒေသခံများထံမှ သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မဲနယ်ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးဦးကိုငယ်ကို နိရဉ္စရာမှ ဆက်သွယ် မေးမြန်းရာ သူက ယခုလို ပြန်လည် ဖြေကြား ပြောဆိုသည်။

“ ပထမ ပျံလွန်တော်မူတဲ့ ဆရာတော်ရဲ့ ဘွဲ့တော်က ဥူးသုဇာတပါ။ ပျံလွန်တော်မူတာက ၁၉၈၄ ခုနှစ် အောက်တိုဘာ၂၅ရက်နေ့ ဖြစ်ပါတယ်။ အခုဆိုရင် ၃၁ နှစ်ရှိသွားပြီပေါ့။ ဒါပေမယ့် ခန္ဓာကိုယ်က မပုပ်မသိုးဘူး။ အဲသလိုဘဲ ဒုတိယဆရာတော် ဘွဲ့တော်က  ဘဒ္ဒန္တကဝိနန္ဒပါ။ ပျံလွန်တော်မူတာက၂၀၁၅ ခုနှစ် ဇန်နဝါရီ ၃ ရက်နေ့က ဖြစ်ပါတယ်။ နှစ်ပါးလုံးရဲ့ ကိုယ်ခန္ဓာကိုယ်က မပုပ်မသိုးပဲ ဖြစ်နေပြီး ဧပြီလ ၁၇ရက်နေ့ကစပြီး ဆရာတော် နှစ်ပါးလုံးက ဓါတ်တော်တွေ ကွန့်မြူးလာတာကို တွေ့ရပါတယ်။ ဆရာတော် ဥူးသုဇာတက မနက်ကိုးနာရီမှာ ဓါတ်တော် စတောက်ပြီး ဆရာတော် ဘဒ္ဒန္ဒကဝိနန္ဒက ညနေသုံးနာရီမှာစပြီး ဓါတ်တော် စတောက်တာပဲ”  ဟု ပြောကြားသည်။

ထိုသို့ ဓါတ်တောက်သည့် သတင်းကြောင့် ဒေသခံပြည်သူအများအပြားမှာ နေ့စဉ် လာရောက် ဖူးမျှော် နေကြသည်ဟု သူက ဆက်လက် ပြောကြားသည်။

“ နောက်တစ်နေ့ကစပြီး ဆရာတော်တွေဆီက ဓါတ်တော်တောက်တယ်ဆိုတဲ့ သတင်းက တဆင့်စကားတဆင့် နားနဲ့ လာပြီး ဖူးမျှော်ကြတာ ဒီနေ့ ၂၀ရက်နေ့ အထိ နေ့စဉ် တစ်နေ့ကို လူတစ်သောင်းကျော်လောက် ပုံမှန် ရောက်ပါတယ်။ မြန်မာနိုင်ငံ အရပ်ရပ်က ဖူးမျှော်သူတွေအပြင်  နိုင်ငံခြားသားတွေပါ လာဖူးကြပါတယ်။ ဆရာတော် နှစ်ပါးလာရောက် ဖူးမျှော်ကြသူတွေကိုဇလွန်မဒေး ပရဟိတ လူငယ်အဖွဲ့က နေ့စဉ် စတုဒီသာနဲ့ ဧည့်ခံပါတယ်” ဟု သူက ဆိုသည်။
(မပုပ်မသိုး ဆရာတော် တစ်ပါးအားတွေ့ရစဉ်)
ယခုကဲ့သို့ ထူးထူးဆန်းဆန်း ဆရာတော်နှစ်ဦး၏ မပုပ်မသိုး ရုပ်ခန္ဓာမှ ဓါတ်တော်များကို မမျှော်လင့်ဘဲ ဖူးတွေ့ရသဖြင့် အရမ်း အံ့သြရကြောင်း ရန်ကုန်မြို့မှ လာရောက်ဖူးမျှော်သူ ဦးအတာလွှင်ကပြောသည်။

”ကျွန်တော်တို့ မိသားစုအနေနဲ့ အစက သင်္ကြန်တွင်းချောင်းသာ သွားမယ် စီစဉ်ထားတာ။ သားအငယ်က ငပလီ သွားချင်တယ် ပြောလွန်းလို့ ငပလီကို ရောက်ဖြစ်တာ။ အခုတော့ ဆရာတော်နှစ်ပါး ဖူးရတာနဲ့ တင်တန်ဖိုး မဖြတ်နိုင်တဲ့ ခရီးစဉ်တစ်ခုဖြစ်သွားပြီ။ ကျွန်တော့် တစ်သက်မှာဒီလိုမျိုးတစ်ခါမှ မကြုံဖူး က မတွေ့ဖူးဘူး။ အရမ်းတန်ခိုးကြီးတဲ့ ဆရာတော်ကြီးတွေပါ။ ဆရာတော်နှစ်ပါးလုံးတစ်ကျောင်းထဲမှာ မပုပ်မသိုး ဖြစ်တယ်ဆိုတာ အရမ်း အံ့သြစရာပဲ။ အခုမပုပ်မသိုးဆရာတော်ကြီးနှစ်ပါးလုံး ဓါတ်တော်တွေ ရက်ဆက် တောက်နေတာ ပိုအံ့သြစရာကောင်းတယ်။ ဖူးလို့မဝသေးဘူး။ ဖူးခွင့်ကြုံလို့ ဖူးရတာ။ နောက်ထပ် နှစ်ရက်လောက် ငပလီမှာထပ်နေပြီး ဖူးပါဦးမယ်” ဟု ဆိုသည်။

မပုပ်မသိုးဘဲ ရှိနေသော ဆရာတော်နှစ်ပါး၏ ခြေသလုံး၊ လည်ပင်းနှင့် လက်ရိုးတော်များမှာ မီးစုန်းကဲ့သို့ အရောင်များ လင်းလက်တောက်ပနေပြီး နေ့ခင်းနှင့် ညပါ ဓါတ်တော်များ တောက်နေသည်ဟု မျက်မြင်များက ပြောဆိုသည်။

နေဇော်(သံတွဲ) / နိရဉ္စရာ
http://www.narinjara.com/burmese

No comments:

Post a Comment