Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 29, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် KNU ခေါင်းဆောင်များ ဆွေးနွေး


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်း စုကြည်ဟာ  KNU ဗဟို ကော်မတီဝင် စောမူတူးစေး ဖိုး ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ဒီကနေ့ညနေ ပိုင်း ၄ နာရီက  နေပြည်တော် ဥတ္တရသီရိ နေအိမ် မှာ နှစ်နာရီကြာတွေ့ဆုံခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းမြင့်နှင့်အဖွဲ့ဝင်များပါဝင် ကြပြီး KNU ဘက်ကလဲ ဗဟိုကော်မတီဝင် များဖြစ် တဲ့ စောကွယ်ထူးဝင်း၊ ရော်ဂျာခင်၊ ဖဒိုရွှေမောင်း၊ စောတာ တိုမှုး၊ စောဘစ်တာ၊ စောတာမူလာ၊ စောပေါ့၊စောနိမရော၊ ဦးဟန်ညောင်ဝေတို့ ပါဝင်တက်ရောက်ခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်လို့   ဖဒိုစောကွယ်ထူးဝင်းကို မီဒီယာတွေက ၀ိုင်းဝန်းမေးမြန်း ကြရာမှာ ဖဒိုစောကွယ်ထူးဝင်းက

''အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ၊ငြိမ်းချမ်းရေးပရောဆက်ရယ်၊ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲ ကိစ္စ၊ဆွေးနွေးမှုမှာတော့ပိုပြီးနားလည်မှု ရှိလာကြတာပေါ့့၊ အမြင်ချင်းဖလှယ်တဲ့အနေ အထားပါ။ ရွေးကောက်ပွဲအတွက် ကျနော်တို့ဒီမိုကရေစီ ချီတက်နေတဲ့ အချိန်မှာအရေးကြီးတယ် လို့ ဆွေးနွေးဖြစ်ပါတယ်။ လာမယ့်ရွေးကောက်ပွဲ အတွက်ပေါ့။ NCA နဲ့ပတ်သက်လို့တော့ ငြိမ်းချမ်းရေးဟာ တကယ်လိုအပ်နေတယ်ဆိုတာ ကို ဒေါ်စုက ရွေးကောက်ပွဲ အတွက် ၃ ချက်ကို ပြောတယ်၊တစ်အချက်က ဖွဲ့စည်းပုံပြင်ဆင် ရေး၊ဒုတိယအချက်က ဥပဒေစိုးမိုးရေးနဲ့ သုံးအချက်က ငြိမ်းချမ်းရေးပေါ့၊ ဒါကိုကျနော် တို့ဆွေးနွေးပါတယ်။”

လာမယ့်ရွေးကောက်ပွဲနဲ့  ပတ်သက်လို့လဲ သူက

"ရွေးကောက်ပွဲကို   ကျနော်တို့က လက်နက်ကိုင် အဖွဲ့အစည်းဆိုတော့ဝင်လို့ ဘယ်ရမလဲ၊ လက်ရိှအခြေခံ ဥပဒေ ပြင်ဆင်ရေး ဒါကလွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့လက်ထဲမှာရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်း ရင်းသားတွေ ကြိုးပမ်းနေတဲ့တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကနေတဆင့် တွေ့ဆုံဆွေးနွေးပွဲတွေမှာ ဆွေးနွေးနေတာရှိသလို ပြင်ဆင်ဖို့လည်း ရှိပါတယ်။ ဒေါ်အောင် ဆန်းစုကြည်အနေနဲ့က ပူးပေါင်းဆောင်ရွက်ရမယ်၊ အခက်အခဲတော့ ရှိပေမယ့် ကျော်လွှားသွား မယ်ပေါ့။ မျှော်လင့်ချက်ဆိုတာ အမြဲတမ်းရှိရမယ်ပေါ့။''

အခုတွေ့ဆုံမှုနှင့်ပတ်သက်ပြီး တစ်စုံတရာ သီးခြားထုတ်ပြန်သွားမည်မဟုတ်ကြောင်း ဖဒိုစောကွယ်ထူးဝင်းက ပြောကြား သွားပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment