Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 7, 2015

JUPITER ASCENDING ဇာတ်ကားရုံတင်


ဂျူပီတာဂျုံးကိုညကောင်းကင် အောက်မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ့မွေးဖွားမှုကနိမိတ်ပြလက္ခဏာ များနဲ့အတူ ကောင်းမွန်မြင့်မြတ်တဲ့ အရာတွေအတွက် ရည်ရွယ်ချက် ထားရှိခံရသူလည်းဖြစ်ပါတယ်။ ကြယ်တွေအားလုံးရဲ့အိပ်မက်သခင် ဂျူပီတာအရွယ်ရောက်လာတဲ့အချိန် မှာ သူဟာထင်မြင်ထားတာနဲ့ ဆန့် ကျင်ဘက်အရာတွေကိုလုပ်ဆောင် နေခဲ့ပါတယ်။ အဲဒီအချိန်မှာ Canieဆိုတဲ့မိန်းကလေးတစ်ယောက် ဟာ တိုက်ပွဲတွေကိုကောင်းကောင်း ထိန်းချုပ်နိုင်ပြီး ကျွမ်းကျင်တဲ့ သူရဲ ကောင်းမုဆိုးမျိုးရိုးက ဆင်းသက် လာခဲ့ပြီး ကမ္ဘာမြေကိုရောက်ရှိ လာခဲ့ပါတယ်။ တကယ်တော့ သူ ရောက်ရှိလာတဲ့ရည်ရွယ်ချက်က ဂျူပီတာကိုနှိမ်နင်းဖို့ပဲဖြစ်ပါတယ်။ ဂျူပီတာကလည်းသူကို တိုက်ခိုက် မယ့်သူပေါ်ထွက်လာမှာကိုသိနှင့်ပြီး သားပဲဖြစ်ပါတယ်။Caine မှာက လည်းသူ့ရဲ့မျိုးရိုးဗီဇအမှတ်အသား လက္ခဏာတွေရှိနှင့်နေပြီး ထူးခြား ဆန်းကြယ်တဲ့အမွေအနှစ်တစ်မျိုး ပဲဖြစ်ပါတယ်။ အဲဒီအစွမ်းတွေနဲ့ပဲ အာကာသထဲမှာပြောင်းလဲဖြစ်ပေါ် မှုတွေကို ညီမျှအောင်ထိန်းညှိပေး ခဲ့ပါတယ်။ ဒီလိုမျိုးတစ်မျိုးစီပိုင် ဆိုင်ထားကြတဲ့စွမ်းအားတွေနဲ့သူတို့ နှစ်ဦး ထိပ်တိုက်တွေ့ဆုံတဲ့အခါမှာ တော့ ပရိသတ်ကြီးအတွက် စိတ် ဝင်စားဖွယ်ကောင်းတဲ့ ဇာတ်ကား ကောင်းတစ်ကားကို JCGV ရဲ့ ငွေရောင်ပိတ်ကားထက်မှာ စိတ် လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာပဲဖြစ် ပါတယ်။
The Union Daily

1 comment: