CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, March 8, 2015
ဘာကူတေးဆိုတာ ဘာလဲ. ဘယ်မှာရနိုင်လဲ
ဝက်နံရုံးပေါင်းစွပ်လို့ သိထားကြတဲ့ ဘာကူတေးဆိုတာကတော့ စင်္ကာပူနိုင်မှာ လူသိများတဲ့ တရုတ်ရိုးရာ အစားအစာ တစ်ခု ဖြစ်ပါတယ်။ သစ်ဂျပိုးခေါက်၊ ကြက်သွန်ဖြူ၊ နှံနက်ပွင့်၊ ငရုပ်ကောင်း အစရှိတဲ့ ဟင်းခက်၊ အမွှေးအကြိုင်များနဲ့ ပေါင်းထားတဲ့ ဝက်နံရိုး ပေါင်း ဖြစ်ပါတယ်။ တရုတ်ရိုးရာမှာ သူ့ကို နံရိုး အကြမ်းရည် (Meat Bone Tea) လို့တင်စားခေါ်ပါတယ်။
ဘာကူးတေး စဖြစ်ပေါ်လာပုံ
ဘာကူတေး (Bak Kut Teh) ဟာ တရုတ်ပြည်မ ဖူကျင်းပြည်နယ်မှ အစပြုတဲ့ အစားအစာ အဖြစ် သိထားကြပါတယ်။ စင်္ကာပူနဲ့ မလေးရှားကို ရောက်ရှိအောင် သယ်ဆောင်ပေးသူများကတော့ Hokkien လူမျိုး ရွှေ့ပြောင်း နေထိုင်သူများ ဖြစ်ပါတယ်။ ၁၉ ရာစုတုန်းကပါ။ သူဟာ အလုပ်ကြမ်းလုပ်ပြီး အားအင် ပြည့်ဖို့လိုအပ်တဲ့ တရုတ်ကူလီတို့ကြားမှာ ရေပန်းစား လူကြိုက်များတဲ့ အစားအသောက် တစ်မျိုး ဖြစ်ခဲ့ ပါတယ်။
ဘာကူတေး အကြောင်း
စင်္ကာပူမှာတောင် ဘာကူးတေးက Hokkien, Teochew နဲ့ Cantonese ဆိုပြီးတော့ သုံးမျိုး ရှိပါသေးတယ်။ Hokkein စတိုင် ဘာကူတေး ကတော့ အရသာ ပြင်းပြင်း၊ အနှံ့ပြင်းပြင်း ရှိပါတယ်။ ဒါကြောင့်မို့ ပဲငံပြာရည် ခပ်များများ ပါဝင်တဲ့ အညိုရင့်ရောင် ဟင်းရည်ဖြင့် မြင်တွေ့ရမှာပါ။
Cantonese အမျိုးအစားကတော့ ဆေးဘက်ဝင်ရန် အဓိက ဦးစားပေးပြီး ခါးသက်သက် အရသာ ရှိပါတယ်။
Teochew စတိုင် ဘာကူတေးကတော့ အမြင်အားဖြင့် ကြည်တဲ့ ဟင်းရည်နဲ့ မြင်တွေ့ရမှာပါ။ အရသာလည်း မပြင်းပါဘူး။ ယခု ပုံမှာ ပြထားတဲ့ ဟင်းရည် ဖြစ်ပါတယ်။ သူ့မှာ ကြက်သွန်ဖြူ၊ ငရုတ်ကောင်း၊ ပဲငံပြာရည် အဓိက ပါဝင်ပါတယ်။ အဆီများကိုလည်း စစ်ထုတ်ထားတဲ့ တွက် ကျန်းမာရေးနဲ့ သင့်လျော်ပြီး အရသာလည်း မခါးတာကြောင့် လူကြိုက်ပိုများတဲ့ အမျိုးအစား ဖြစ်ပါတယ်။
စားရန်အညွန်း
ဘာကူတေးကို ထမင်း၊ အီကြာကွေး၊ တရုတ်ဟင်းရွက်ချဉ်၊ ပဲပြားခြောက် တို့နဲ့ တွဲဖက် စားသုံးကြ ပါတယ်။ ပိုမိုထူးကဲတဲ့ အရာသာကို ရရှိရန် အီကြာကွေးကို ဟင်းရည်ဖြင့် နှစ်/စိမ် ပြီး စားသုံးခြင်း၊ နံရိုးကို ပုံမှာ ပြထားတဲ့ ငရုတ်သီးပါ ပဲငံပြာရည် အချဉ်နဲ့ တို့စားခြင်း၊ ဟင်းရည်ကိုလည်း ပဲငံပြာရည်အချဉ်နဲ့ အပေါ့အငံ ကိုယ်တိုင် ချိန်ဆ စားသုံးခြင်း၊ ရေနွေးကြမ်းသောက်ပြီး တွဲဖက်စားသုံးခြင်း တို့ ပြုလုပ်နိုင်ပါတယ်။ အကောင်းဆုံး အရသာ အနေအထားကတော့ ပူပူနွေးနွေး အရည်ဖြင့် နံရိုးအား တွဲဖက် စားသုံးခြင်း ဖြစ်ပါတယ်။ ဆိုင်များကလည်း စားသုံးသူကို အရည်များ လိုသလောက် ထပ်ဖြည့်ပေးကြ ပါတယ်။
ရန်ကုန်တွင် ရရှိနိုင်သော နေရာ
ရန်ကုန်မှာ ရနိုင်တဲ့ နေရာ သိပ်မရှိပါဘူး။ ရိုးရာလေး အနေနဲ့ကတော့ ဘာကူတေး သီးသန့်ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို ကန်တော်ကြီး ယူတိုးပီယား တာဝါနီးမှာ စားသုံးခဲ့ဖူး ပါတယ်။ ဆိုင်အမည်ကတော့ “Lucky ဘာကူးတေး” ဖြစ်ပြီး သူက ဘာကူတေးနဲ့ ဝက်သားဒုတ်ထိုး နှစ်မျိုးတည်း သီးသန့် ရောင်းတဲ့ ဆိုင်ပါ။ Teochew စတိုင် ဘာကူတေးကို ရောင်းချခြင်း ဖြစ်ပြီး တည်ထောင်သူကတော့ စင်္ကာပူမှာ ၆ ပညာသင်ပြီး ပြန်လာတဲ့ ဟိန်းထက်ဝေနဲ့ သြစတေးလျမှာ ၄နှစ် ပညာသင်ပြီး ပြလာတဲ့ မျိုးဝေဟိန်း တို့ ဖြစ်ပြီး လူငယ်များ ဖြစ်ပါတယ်။ အစားအသောက်နဲ့ ပက်သက်ပြီး စွန့်ဦးတီထွင်ရန် အားသန်ကြတဲ့ လူငယ်များ ဖြစ်ပြီး ရည်မွန်ဖော်ရွေ သူများ ဖြစ်ပါတယ်။
ဆိုင်လိပ်စာကတော့ ကန်တော်ကြီး ယူတိုးပီးယား တာဝါအနီး The Best ဆိုတဲ့ ဆိုင်အထဲမှာ တွဲလျက် ဖွင့်ထားပါတယ်။ သူတို့ ဆိုင်ရဲ့ Facebook Page www.facebook.com/luckybakkutteh မှာလည်း ဘာကူတေးနဲ့ ပက်သက်လို့ လေ့လာနိုင်ပြီး ဈေးနှုန်း သင့်တင်စွာ ရောင်းချပေးနေတာကြောင့် သွားရောက် စားသုံး ကြည့်နိုင် ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
ဘာကူတေးဆိုတာ ဘာလဲ. ဘယ်မှာရနိုင်လဲ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 08, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 08, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment