မိကျောင်းကန် သပိတ် ဖြိုခွင်း ဖမ်းဆီးစဉ် ကလည်း သက်ကြီးရွယ်အိုတွေ ပါခဲ့
မြန်မာနိုင်ငံမှာ လယ်ယာမြေတွေ အသိမ်းခံကြရပြီး မြေလွတ် မြေရိုင်းပေါ် ကျူးကျော်တဲ့ ဥပဒေ၊ စည်ပင်မြေပေါ်မှာ ကျူးကျော်တဲ့ ဥပဒေတွေဖြစ်တဲ့ ပုဒ်မ ၂၆၊ ပုဒ်မ ၂၇ တို့နဲ့ ပြစ်ဒဏ် ချမှတ်ခံကြရသူတွေထဲမှာ အသက် ၈ဝ ကျော် အရွယ် သက်ကြီးရွယ်အိုတွေပါ ထောင်ချ ခံရတယ်ဆိုတဲ့ သတင်းတွေ အခုတလော ထွက်ပေါ်လာပါတယ်။
မိရိုးဖလာ အစဥ်အဆက် နေထိုင်ကြတဲ့ တောင်သူတွေ စိုက်ပျိုး လုပ်ကိုင်နေတဲ့ မြေတွေပေါ် မြို့ပြ တည်ဆောက်ရာမှာ လယ်ယာမြေ နိုင်ငံပိုင် ဥပဒေ၊ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေတို့နဲ့ လုပ်ထုံးလုပ်နည်းအတိုင်း သိမ်းယူတာ မဟုတ်ဘဲ စည်ပင်သာယာ နယ်နိမိတ် ဖြစ်သွားပြီ ဆိုပြီး နှင်ထုတ်၊ တရားစွဲတာတွေ လုပ်ခဲ့တယ်လို့ မြေသိမ်းခံ ပြည်သူတွေအတွက် ဥပဒေကြောင်းအရ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီး ဦးမြင့်သွင်က ပြောပါတယ်။
အဲဒီလို သိမ်းယူထားတဲ့ မြေတွေကို ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေနဲ့ အစိုးရ ဌာနတွေကို ခွဲဝေပေးကြတယ် လို့လည်း သူက ပြောပါတယ်။
တောင်သူတွေဟာ ခေတ်အဆက်ဆက် အစိုးရတွေ လက်ထက်မှာရော အခု အစိုးရ လက်ထက်မှာပါ ဥပဒေအရ အကာအကွယ်ပေးခံရတာ မရှိဘူးလို့လည်း ဦးမြင့်သွင်က ပြောပါတယ်။
အခု အစိုးရ လက်ထက်မှာတော့ မြေကျူးကျော်မှု ဥပဒေတွေနဲ့ ဖမ်းဆီးခံရတဲ့ သက်ကြီးရွယ်အိုတွေ ပိုများလာရာမှာ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ အများအပြား တွေ့ရတယ်လို့ သူက ပြောပါတယ်။
သူတို့ နှစ်ပေါင်းများစွာ အစဥ်အဆက် လုပ်ကိုင်ခဲ့တဲ့ မြေတွေကို ပိုင်ဆိုင်ခွင့် ရနိုင်ဖို့ ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက လယ်ယာမြေကို နိုင်ငံတော်က ပိုင်တယ်လို့ ပြဋ္ဌာန်းထားတဲ့ အချက်ကို ပြင်ဆင်ဖို့ လိုတယ်လို့ ဦးမြင့်သွင်က ပြောပါတယ်။
ဒါ့အပြင် ရှေ့နေတွေ အနေနဲ့လည်း နိုင်ငံသားတွေရဲ့ အခွင့်အရေး ထိပါးခံရတဲ့အခါ ပြည်ထောင်စု တရားလှတ်တော်ချုပ်မှာ လှောက်ထားနိုင်တယ် ဆိုတဲ့ ဥပဒေတွေကို နှံ့စပ်အောင် လေ့လာပြီး သက်ကြီး ရွယ်အိုတွေနဲ့ နိုင်ငံသားတွေကို အကာအကွယ် ပေးသင့်တယ်လို့လည်း သူက ပြောပါတယ်။
BBC Burmese
http://www.bbc.co.uk/burmese
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, March 25, 2015
ကျူးကျော်ပုဒ်မတွေနဲ့ ထောင်ချခံရတဲ့ သက်ကြီးတွေ များလာ
ကျူးကျော်ပုဒ်မတွေနဲ့ ထောင်ချခံရတဲ့ သက်ကြီးတွေ များလာ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 25, 2015
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 25, 2015
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment