Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 23, 2015

ဝတ်စားဆင်ယင်မှု အပြုအမူနဲ့ ပတ်သက်ပြီး ကန့်သတ်မှု ပြုလုပ်ထားတဲ့ နိုင်ငံများ


ခရီးစဉ် တစ်ခုကို လည်ပတ်တော့မယ် ဆိုရင် ပေါ့ပေါ့ ပါးပါး ဖြစ်အောင် ၀တ်ဆင်လေ့ရှိကြ ပါတယ်။ အိမ်က ထွက်ပြီ ဆိုကတည်းက ခရီးစဉ် တစ်လျှောက်မှာ ဘယ်လို ပျော်ရွှင်အောင် ၀တ်စား ဆင်ယင်သွားမလဲ ဆိုတာ တွေးတောနေတဲ့ သူတွေ အများကြီး ပါပဲ။ ဒါပေမဲ့ အချို့ဝတ်စား ဆင်ယင်မှု တွေဟာ ပြဿနာ ဖြစ်လာနိုင် ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ၀တ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီး အချို့ နိုင်ငံတွေမှာ တင်းကျပ်တဲ့ ဥပဒေတွေနဲ့ တားဆီး ပိတ်ပင်ထား တာကြောင့် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ ထိုင်းအစိုးရ တာဝန်ရှိသူ တွေဟာ ရင်သားကို ပေါ်စေမယ့် ဆယ်လ်ဖီ ဓာတ်ပုံ ရိုက်ကူးမှုတွေကို မပြုလုပ်ဖို့ တားဆီး ပိတ်ပင်ခဲ့ ပါတယ်။ ထိုင်းနိုင်ငံလိုပဲ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား စည်းကမ်းတွေ ထုတ်ပြန် ထားတဲ့ နိုင်ငံ တွေလည်း ရှိပါ တယ်။ စပိန်နိုင်ငံ၊ မာယော့ကာမြို့မှာ ကမ္ဘာလှည့် ခရီးသွားတွေကို ဘီကီနီဝတ်ဆင်ခွင့် ပိတ်ပင်ထား သလို အရှေ့အလယ်ပိုင်း နိုင်ငံတွေ ဖြစ်ကြတဲ့ ကာတာနဲ့ ယူအေအီးတို့ မှာလည်း ၀တ်စား ဆင်ယင်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာလှည့် ခရီးသွားတွေကို ပြင်းပြင်းထန်ထန် သတိပေးမှုတွေ ပြုလုပ်ထားပါ တယ်။ နိုင်ငံရပ်ခြားကို ကမ္ဘာလှည့် ခရီးသွားတွေ သွားရောက်လည် ပတ်ရာမှာ လိုက်နာရမယ့် စည်းမျဉ်း အချို့ကို ခရီးသွား ကုမ္ပဏီက သိရှိနိုင်အောင် စာမျက်နှာ (၁၆) မျက်နှာပါ လမ်းညွှန်မှု စာရွက်တွေနဲ့ အသိပေးမှု ပြုလုပ်ထား တယ်လို့ သိရပါတယ်။

ထိုင်း

ထိုင်းအစိုးရ တာဝန်ရှိသူ တွေဟာ အမျိုးသမီးတွေ အနေနဲ့ ဆယ်လ်ဖီဓာတ်ပုံ ရိုတ်ကူးရာမှာ ရင်သားကို ပေါ်စေမယ့် ပုံစံမျိုးတွေ မပြုလုပ်ဖို့ ပြင်းပြင်းထန်ထန် တားမြစ်ထား ပါတယ်။ အများ မြင်ကွင်းမှာ ဒီလိုမျိုး ပြုလုပ်တာဟာ သင့်လျော်မှု မရှိဘူးလို့ ယူဆထား တာကြောင့် စည်းကမ်း ထုတ်ပြန် ထားခြင်း ဖြစ်ပါတယ်။ တကယ်လို့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ ပါက ထောင်ဒဏ်ငါးနှစ် အထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။ ထိုင်း စစ်အစိုးရဟာ ရုပ်ရှင်၊ တီဗွီနဲ့ သီချင်းစတာတွေ ကိုလည်း ဆင်ဆာ တင်းကျပ်မှုတွေ ပြုလုပ်ထား ပါတယ်။

ကာတာ

ပြီးခဲ့တဲ့နှစ်မှာ ကာတာ အစိုးရ တာဝန်ရှိသူတွေ ပြဋ္ဌာန်းခဲ့တဲ့ စည်းမျဉ်း ကတော့ ကမ္ဘာလှည့် ခရီးသွားတွေ အတွက် အနှောင့်အယှက် ဖြစ်ခဲ့ရ ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကာတာနိုင်ငံကို လာရောက် လည်ပတ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေဟာ ကိုယ်ကျပ် ဘောင်းဘီရှည် တွေကို ၀တ်ဆင်မှု လုံးဝ ခွင့်ပြု သွားမှာ မဟုတ်ဘူးလို့ တားမြစ် ပိတ်ပင်ထား တာကြောင့် ဖြစ်ပါတယ်။ ဘာသာရေးနဲ့ ပတ်သက် လာရင် တင်းကျပ်တဲ့ နိုင်ငံ ဖြစ်တာမို့ အားကစား ဘောင်းဘီလို ကိုယ်ကျပ် ဘောင်းဘီရှည်တွေ ကိုတောင် ၀တ်ဆင်ခွင့် မပြုထားပါဘူး။ ခရီးသွား လမ်းညွှန်စာအုပ် မှာတော့ ကာတာ နိုင်ငံကို ရောက်လာခဲ့ရင် ခေတ်မီတဲ့ အ၀တ်အစားတွေကို မ၀တ်ဆင်ဖို့ လိုအပ်ကြောင်း သတိပေးထား ပါတယ်။ ကိုယ်ကျပ်ဘောင်းဘီ တွေဟာ ဘောင်းဘီ မဟုတ်ဘူးလို့ ကာတာ အစိုးရ တာဝန်ရှိသူတွေက ယူဆထား တာမို့ ပိတ်ပင်မှုပြုလုပ် ထားတာ ဖြစ်ပါတယ်။

စပိန်

ကမ္ဘာလှည့် ခရီးသွားတွေဟာ ကမ်းခြေတွေကို သွားရောက်တဲ့ အခါမှာ ဘီကီနီ ၀တ်စုံတွေကို ၀တ်ဆင်သွားလေ့ ရှိပါတယ်။ ဒါပေမဲ့ စပိန်နိုင်ငံ မှာတော့ ဘီကီနီဝတ်စုံတွေကို ၀တ်ဆင်ရာမှာ ကန့်သတ်မှုတွေ ပြုလုပ်ထား ပါတယ်။ ၂၀၁၁ခုနှစ်မှာ ဘာစီလိုနာမြို့မှာ ရှိတဲ့ တာဝန်ရှိသူ တွေက မြို့ရဲ့ အချက်အခြာ ကျတဲ့ နေရာတွေမှာ ဘီကီနီဝတ်စုံတွေ မ၀တ်ဆင်ရဘူးလို့ တားမြစ်ထား ပါတယ်။ မာယော့ကာမြို့ ကလည်း ပြီးခဲ့တဲ့ နှစ်မှာ ဘီကီနီဝတ်စုံ တွေကို ကမ်းခြေမှာသာ ၀တ်ဆင်ခွင့်ပြုပြီး လမ်းမတွေ ပေါ်မှာ ၀တ်ဆင်ခဲ့ပါက ပေါင် (၅၀၀) ဒဏ် ငွေ ချမှတ် သွားမယ်လို့ စည်းကမ်း ထုတ်ပြန်ထားပါ တယ်။

ယူအေအီး

ဒူဘိုင်းဟာ ကမ္ဘာလှည့်ခရီးသွားတွေ တကူးတက သွားရောက်လေ့ရှိတဲ့ နေရာ ဖြစ်ပါ တယ်။ ဒါပေမဲ့ ဒူဘိုင်းမှာရှိတဲ့ ရှော့ပင်းမောတွေ မှာ အ၀တ်အစား ၀တ်ဆင်မှုနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ ပြုလုပ်ထား ပါတယ်။ ရှောပင်းမော အတွင်းကို လာရောက်တဲ့ သူဟာ လုံခြုံတဲ့ အ၀တ်အစား တွေ ၀တ်ဆင်ရမယ်လို့ သတ်မှတ်ထား ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ ဒူးပေါ် ပခုံးပေါ်တဲ့ အ၀တ်အစားတွေကို လုံးဝ ၀တ်ဆင်ခွင့်ပြု သွားမှာ မဟုတ် ပါဘူး။
http://www.themeltingpot4u.com/2015/03/selfie_23.html

No comments:

Post a Comment