Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 23, 2015

ထိုင်းနိုင်ငံမှာ ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ

ထိုင်းနိုင်ငံ အစိုးအရအနေနဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ရင်သားအောက်ပိုင်း တစ်ဝက်ထိပေါ်အောင်ရိုက်ထားတဲ့ selfies တွေဟာ နိုင်ငံတော်ရဲ့ ( computer crime law) ကွန်ပျူတာ ရာဇဝတ်ဥပဒေကို ချိုးဖောက်ကြောင်း သတိပေးချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။
ပိုပြီးအသေးစိတ်ပြောပြရမယ်ဆိုရင် “နိုင်ငံတော် လုံခြုံရေးပျက်စီးစေမှု သို့မဟုတ် အများပြည်သူအား ထိန်းမနိုင် သိမ်းမရလောက်အောင် ကြောက်စိတ်ဝင်စေမှု” နောက်ပြီး အများပြည်သူ ဝင်ရောက်ကြည့်ရှုနိုင်တဲ့ မြင်မကောင်းရှု မကောင်းတဲ့ကွန်ပျူတာဒေတာတွေ ဆန့်ကျင်တဲ့ ဥပဒေနဲ့ ပါ  ငြိစွန်းနေကြောင်း Reuter သတင်းအရသိရပါတယ်။
အမျိုးသမီးတစ်ယောက်ယောက်ရဲ့ ရင်သားအောက်ပိုင်း တစ်ဝက်ထိဖော်ထားလို့ အများပြည်သူကို စိတ် ချောက်ခြားစေတယ်ဆိုရင် အများပြည်သူအတွက် ပြဿနာတစ်စုံတစ်ခု ရှိနိုင်ပါတယ်။ အဲ့ဒီလိုပုံစံ selfie ရိုက်တဲ့ အမျိုးသမီးတွေ အနေနဲ့ ထောင်ဒဏ် ၅ နှစ်အထိ ကျခံနိုင်ဖွယ် ရှိနေပါတယ် လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ Anandha Chouchoti က ပြောဆိုခဲ့ပါတယ်။
Ref: yourtango
http://www.trend.com.mm/2015/03/23/lifestyle-6129

No comments:

Post a Comment