Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 6, 2015

သတင်းထောက်များကို မှားယွင်းဖမ်းဆီးမှု တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတောင်းပန်


Friday, March 6, 2015
အလုပ်သမားသပိတ်စစ် ကြောင်းရှင်းလင်းရာတွင် သတင်းထောက်များကို ဖမ်းဆီးခဲ့သည့်အတွက် တောင်းပန်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအလုပ်သမားနှင့် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က မတ်လ ၅ ရက်တွင် ရန်ကုန်တိုင်း အစိုးရရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
‘‘မီဒီယာတွေကိုဖမ်းတဲ့အထဲ ပါတယ်ဆိုတာ မှားယွင်းမှုပါ။ အခုလိုဖြစ်သွားတာ ကျွန်တော် တောင်းပန်ပါတယ်။ မီဒီယာကို ဝန်ကြီးချုပ်ကလည်း အကာအကွယ်ပေးပါတယ်’’ဟု ၎င်းက ဆက်လက်ပြောသည်။
လုပ်ခလစာတိုးမြှင့်ရေး အတွက် ရန်ကုန်မြို့ထဲသို့ သပိတ် စစ်ကြောင်းဖြင့် ချီတက်လာသော အလုပ်သမားများကို အစိုးရက မတ်လ ၄ ရက်တွင် ဖြိုခွင်းရာ၌ ထိုနေရာတွင် သတင်းယူနေသည့် သတင်းထောက်နှစ်ဦးကို ဖမ်းဆီး ခဲ့ခြင်းအတွက် ယခုကဲ့သို့ တောင်း ပန်ခြင်းဖြစ်သည်။
ယင်းသပိတ်စစ်ကြောင်း တွင် သတင်းယူနေသည့် 7 Day Dailyမှ သတင်းထောက်တစ်ဦးနှင့်DVB မှ သတင်းထောက်တစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် စစ်ဆေးကာ ပြန်လည်လွှတ်ပေးခဲ့သည်။ ပြန်လည်လွှတ်ပေးရာတွင် သတင်းထောက်များသည် တရားမဝင်ဆန္ဒပြမှုနှင့် တိုက်ရိုက်ပါဝင်ပတ်သက်မှုမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် နောင်တွင် တာဝန်ရှိသူများက ဥပဒေနှင့်အညီဆောင်ရွက်ရန် ဖယ်ရှားရှင်းလင်းရန် သတိပေး မေတ္တာရပ်ခံချိန်၌ တာဝန်သိ မီဒီယာသမားတစ်ဦးအနေဖြင့် ကျင့်ဝတ်နှင့်အညီဖယ်ရှားပေးရန် သတိပေးမှတ်တမ်းတင်၍ ပြန် လည်လွှတ်ပေးသည်ဟု အစိုးရ ပိုင်သတင်းဌာနများတွင် ဖော်ပြ ထားသည်။
သတင်းထောက်များသည် သတင်းယူရာတွင် သတင်း ထောက်ကတ်ပြားများဆွဲပြီး သတင်းယူခဲ့သည်။ သို့သော် နိုင်ငံပိုင်မီဒီယာများတွင် သတင်းထောက်များကို ဆန္ဒပြသူများနှင့် သွယ်ဝိုက်ပတ်သက်ကြောင်း၊ ကျင့်ဝတ်ချိုးဖောက်သယောင် နိုင့်ထက်စီးနင်းအထက်စီးမှ သတင်းထုတ်ပြန်မှုကို7 Day Daily နှင့် 7 Day News ဂျာနယ်က အပြင်းအထန်ကန့်ကွက်ကြောင်း မတ်လ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။
‘‘အစတုန်းက သတင်း ထောက်ကတ်ပြတယ်။ ဒါကို သတင်းထောက်ကတ်ကို ဆွဲဖြုတ် ပြီး မီဒီယာသမားပါဖမ်းလို့ပြော တယ်။ ကားပေါ်ရောက်တော့ လည်း ရဲကိုပြောတယ်။ ရဲက ဟို ရောက်တော့မှရှင်းလို့ပြောတယ်။ မှားဖမ်းတာ လုံးဝမဟုတ်ဘူး’’ဟု ဖမ်းဆီးခံရသည့် ဓာတ်ပုံသတင်း ထောက် ကိုနစ်ကီက ပြောသည်။
ထိုကိစ္စနှင့်ပတ်သက်၍ မြန်မာဂျာနယ်လစ်ကွန်ရက်(MJN)မှ ကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး ကန့်ကွက်ကာ နောက်နောင် သတင်းသမားများ မှားယွင်းဖမ်းဆီးခံရခြင်း၊ သတင်းအလုပ်နှင့် သက်ဆိုင်သည့် ပစ္စည်းကိရိယာများသိမ်းဆည်းခံရခြင်းစသည့်ဖြစ်ရပ် မျိုး ထပ်မံမဖြစ်ပွားရန် သက်ဆိုင် ရာအာဏာပိုင်များနှင့် ရန်ကုန် တိုင်းအစိုးရအဖွဲ့တို့ အရေးယူဆောင်ရွက်မှုပြုလုပ်ပေးရန် MJN က လေးနက်စွာ တိုက်တွန်းတောင်းဆိုထားသည်။
7Day Daily

No comments:

Post a Comment