Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 6, 2015

မြေ၊ အဆောက်အအုံ၊ တိုက်ခန်း ရောင်းချမှုတန်ဖိုးသည် ကျပ်သိန်း ၅၀ ထက် မပိုပါက ဝင်ငွေခွန် ပေးဆောင်ရန်မလို

ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်တစ်ခုရှိ နေအိမ်တိုက်ခန်းများကို တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)


ရန်ကုန် (မဇ္ဈိမ)။ ။ မြေ၊ အဆောက်အအုံ၊ တိုက်ခန်း စသည်တို့ရောင်းချမှု စုစုပေါင်းတန်ဖိုးသည် တစ်နှစ်အတွင်း ကျပ်သိန်း ၅၀ ထက် မပိုပါက ဝင်ငွေခွန်ပေးဆောင်ရန် မလိုဟု ပြည်တွင်း အခွန်များဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။


၂၀၁၄-၁၅ ဘဏ္ဍာနှစ် ကုန်ဆုံးခါနီးချိန်တွင် ပြည်တွင်းအခွန်များဦးစီးဌာနသည် မြေ၊ အဆောက်အအုံ၊ တိုက်ခန်း စသည့် အခြေ ပစ္စည်းများကို ရောင်းချသူ၊ ဝယ်ယူသူများကို အခွန်ထမ်းဆောင်ရန် သတိပေးမှုများ ဆက်တိုက်နှိုးဆော်ထားပြီး အခွန်ထမ်းများအတွက် အခွန်ကျသင့်မှုနှင့် ကင်းလွတ်မှုများကို တွက်ချက်ထုတ်ပြန်ပေးထားသည်။

မြေ၊ အဆောက်အအုံ၊ တိုက်ခန်း ဝယ်ယူရောင်းချခြင်းများကို အခွန်တွက်ချက်ရာတွင် အခြေပစ္စည်းအတွက် ရောင်းချသည့်တန်ဖိုး၌ အခြေပစ္စည်းမူလတန်ဖိုး၊ ပြုပြင်စရိတ်များ၊ ရောင်းချစရိတ်များကို နှုတ်ယူခွင့်ရှိပြီး ကျန်ရှိသည့် မြတ်စွန်းငွေ အပေါ်တွင် ၁၀ ရာခိုင်နှုန်းဖြင့် တွက်ချက်ကာ ဝင်ငွေခွန်ပေးဆောင်ရမည် ဖြစ်သည်။

အခြေပစ္စည်းရောင်းချသူသည် မိမိရောင်းချခဲ့သည့် အခြေပစ္စည်းအတွက် ပေးဆောင်ခဲ့သည့်အခွန်ကို နှုတ်ပယ်ပြီး ကျန်ငွေဖြင့် အခြားအခြေပစ္စည်း တစ်ခုကို ပြန်လည်ဝယ်ယူရာတွင် ဝင်ငွေရလမ်း ပြန်လည်တင်ပြနိုင်မည်ဟု ပြည်တွင်းအခွန်များ ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

၂၀၁၅ ဇန်နဝါရီလဆန်းပိုင်းတွင်လည်း ပြည်တွင်းအခွန်များဦးစီးဌာနသည် မြေ၊ အဆောက်အအုံ၊ တိုက်ခန်း ရောင်းချ ဝယ်ယူခြင်းများ ဆောင်ရွက်သည့်နေ့မှစတင်ကာ တစ်လအတွင်း ကာလတန်ဖိုး စိစစ်မှုခံယူရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် ကျော်လွန်သွားပါက ဌာနက သတ်မှတ်ထားသည့် ကာလတန်ဖိုးနှုန်းထားများဖြင့် အခွန်စည်းကြပ်မည်မဟုတ်ဘဲ ကာလပေါက် ဈေးနှုန်းဖြင့်သာ အခွန်စည်းကြပ်သွားမည်ဟု သတိပေးထားသည်။

မြေ၊ အိမ်၊ အဆောက်အအုံ၊ တိုက်ခန်း ဝယ်ယူရောင်းချခြင်းများကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ၌ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က ကာလတန်ဖိုးများ သတ်မှတ်ပေးထားခဲ့ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ပြင်ပကာလ ပေါက်ဈေးနှင့် နှိုင်းယှဉ်ကာ ကာလတန်ဖိုးများ အသစ်ပြန်လည်သတ်မှတ်ပေးခဲ့သည်။
http://www.mizzimaburmese.com/component/k2/item/40347-2015-03-06-10-34-34

No comments:

Post a Comment