ရန်ကုန်၊ ဖေဖော်ဝါရီ ၆
၅.၂.၂၀၁၅ ရက်နေ့ ၀၅၃၀ အချိန်တွင် မှော်ဘီမြို့နယ်၊ ရန်ကုန်-ပြည်လမ်း အတိုင်း မြောက်မှတောင်သို့ မောင်းနှင်လာသော 1C ---- FUSO BUS ၊ (၅၃)အထူးယာဉ် လိုင်းခရီးသည် တင်ယာဉ်သည် ကုလားကုန်း ကျေးရွာ၊ မိုင်တိုင်အမှတ်(၃၆/၃)အနီး အရောက် အရှိန်မထိန်းနိုင်ဘဲ တစ်ဘက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသော N ---- ဟိုင်းလတ်အငှားယာဉ်အား ၀င်ရောက်တိုက်မိ ခဲ့ပြီး 1C ---- FUSO BUS ခရီးသည် တင်ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် ယာဉ်ကိုထားကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် ယာဉ်(၂)စီးပျက်စီးခဲ့ကာ N ---- ယာဉ်ပေါ်တွင် လိုက်ပါ လာသူများ ဖြစ်ကြသော ပဲခူးတိုင်းဒေသကြီးနေ အသက်(၃၆)နှစ်ရှိ အမျိုးသမီးမှာ ဦးခေါင်းနောက်စေ့ ပွင့်ထွက်ကာ အခင်းဖြစ်နေရာတွင် လည်းကောင်း၊ အသက် (၃၅)နှစ်ရှိအမျိုးသမီးမှာ နှာခေါင်းသွေးထွက်၊ နောက်စေ့ပေါက်ပြဲဒဏ်ရာများ
ရရှိခဲ့သဖြင့် မှော်ဘီဆေးရုံသို့တင်ပို့စဉ်၌ လည်းကောင်းသေဆုံးသွားခဲ့ကြပြီး အသက် (၃၉)နှစ်ရှိအမျိုးသမီးတွင် လည်ဂုတ်၊ ယာလက်မောင်း၊ ယာခြေထောက် တို့တွင် နာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရပါသည်။
ယင်းသို့ ယာဉ်မဆင်မခြင်မောင်းနှင်သဖြင့် ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေးတိမ်း ရှောင်သွားသူ 1C ---- FUSO BUS ခရီးသည်တင်ယာဉ်မောင်းအား မှော်ဘီမြို့မ ရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၇၉/၂၀၂ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
https://www.facebook.com/yangonpolice
No comments:
Post a Comment