Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 6, 2015

ပြည်တွင်းစက်သုံးဆီ ဈေးနှုန်းများ သုံးလကျော် ကာလအထိ ဆက်လက်ကျဆင်းနေ


ရန်ကုန် ၊ ၆-၂-၂ဝ၁၅

ကမ္ဘာ့ ရေနံစိမ်းဈေး ပြောင်းလဲမှုကို အခြေခံ၍ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်း သည်လည်း သုံးလကျော် ကာလအထိ ဈေးနှုန်းများ ဆက်လက် ကျဆင်းလျက် ရှိကြောင်း စက်သုံးဆီ အရောင်းဆိုင် များမှ သိရသည်။

ကမ္ဘာ့ ရေနံစိမ်း ဈေးကွက်တွင် လွန်ခဲ့သည့် သုံးလကျော်က ရေနံစိမ်း တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၁ဝဝ ခန့်ရှိခဲ့ရာမှ ယခုအခါ အမေရိကန် ဒေါ်လာ ၅ဝ အောက်အထိ ကျဆင်းလာခဲ့ပြီး ပြည်တွင်း ဈေးကွက် တွင်လည်း စက်သုံးဆီ ဈေးနှုန်းများမှာ ထက်ဝက်ခန့် ကျဆင်းနေဆဲ ဖြစ်ကြောင်း သိရသည်။

စက်သုံးဆီ အမျိုးအစားများ ထဲတွင် အောက်တိန်း (၉၂)မှာ ဈေးအများဆုံး ကျဆင်းပြီး ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁ ရက်က တစ်လီတာလျှင် ငွေကျပ် ၉ဝဝ ကျော်မှ ဖေဖော်ဝါရီ ၃ ရက်တွင် ငွေကျပ် ၅ဝဝ ခန့်သာရှိပြီး အခြား စက်သုံးဆီ အမျိုးအစား များမှာလည်း သုံးလတာ ကာလအတွင်း အနည်းဆုံး ၃ဝ ရာခိုင်နှုန်း ခန့် ဈေး ကျဆင်းလျက် ရှိကြောင်း သိရသည်။

ထိုကဲ့သို့ စက်သုံးဆီ ဈေးနှုန်း ကျဆင်းမှု အချိန်မည်မျှ ဆက်လက် ဖြစ်ပေါ် နေမည်ကို ဈေးကွက် ကျွမ်းကျင် သူများက ခန့်မှန်းရန် ခက်ခဲနေပြီး ကမ္ဘာ့ ဈေးကွက် အခြေအနေ ကိုသာ စောင့်ကြည့် နေရကြောင်း စက်သုံးဆီ အရောင်းဆိုင် များမှ သိရသည်။ (၄၄၇)

‪‎Themyawadydaily‬
‪‎မြ၀တီနေ့စဉ်‬
https://www.facebook.com/TheMyawadyDaily

No comments:

Post a Comment