Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 6, 2015

(၁၆) မိုင် စစ်ဆေးရေးဂိတ်တွင် မြွေများ ဖမ်းဆီးရမိ

ဓါတ်ပုံ - အင်တာနက် 
မန္တလေး- မူဆယ်လမ်း၊ (၁၆) မိုင် စစ်ဆေးရေးစခန်း (ကျောက်ချော) တွင် တရုတ် နိုင်ငံသို့ တင်ပို့မည့် တရားမ၀င် သယ်ဆောင် လာသော မြွေ (၂၂၈) ကောင်ကို ယမန်နေ့ က ဖမ်းဆီးရမိ ခဲ့ကြောင်း မန္တလေးတိုင်းဒေကြီး အကောက်ခွန် ဦးစီးဌာန ထံမှ သိရသည်။

လောလောဆယ် ယာဉ်မောင်းကို စစ်ဆေးနေ ပါတယ်။ သူကတော့ စဥ့်ကိုင်က သယ်လာတာ၊ ဘယ်ပို့ရမယ် ဆိုတာ မသိသေးဘူး၊ မူဆယ်ရောက်မှ ပို့ရမယ့် နေရာကို ဖုန်းနဲ့ ဆက်သွယ်မယ်လို့ ပြောထားတယ် ဆိုပြီး ထွက်ဆို ထားတယ်။ တရုတ်ပြည်ကို  ပို့မှာ လို့တော့ ယူဆ ထားတယ်။ မူဆယ်လမ်း ကြောင်းက တရုတ်ပြည်ကို ဦးတည်သွား ကြတာ များတယ် ဟု  အဆိုပါဌာနမှ အကောက်ခွန်မှူးက ပြောသည်။

ယင်းမြွေများကို ကိုယ်ပိုင်ယာဉ် Royal Saloon (Crown) ကားပေါ်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး ခြင်း (၁၈) ခြင်း၊ အိတ် (၄)လုံးဖြင့် သယ်ဆောင် လာခြင်း ဖြစ်ကာ လင်းမြွေ (၁၈၅) ကောင်နှင့် မြွေပွေး (၄၃) ကောင် ပါဝင်ကြောင်း သိရသည်။ မန္တလေးတိုင်းဒေကြီး၊ အကောက်ခွန် ဦးစီးဌာနမှ မူဆယ် အတက် လမ်းတွင် အဆိုပါ မြွေများကို ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်ပြီး သစ်တော ဦးစီးဌာနနှင့် ပူးပေါင်းကာ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ မြွေ အသေများကို ဆေးဝါး ထုတ်လုပ်နိုင်ရန် အတွက် သက်ဆိုင်ရာ ဌာနသို့ ပေးပို့ သွားမည် ဖြစ်ပြီး အရှင်များကိုမူ ဘေးမဲ့ လွှတ်ပေးရန် စီစဉ် ထားကြောင်း သိရသည်။ ယင်းအမှုကို အုန်းချော ရဲစခန်းမှ သစ်တော ဥပဒေ ပုဒ်မ ၃၆ (က) ဖြင့်အမှုဖွင့် စစ်ဆေးလျက် ရှိသည်။

The Messenger Media
http://www.messengernewsjournal.com/news/Local/detail.php?id=31382

No comments:

Post a Comment