Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 9, 2015

သပိတ်တိုက်ပွဲဝင် ကျောင်း သူ ကျောင်းသားတွေကို စာမေးပွဲဖြေဖို့ ပြန်လွှတ်

ဧရာဝတီသပိတ်စစ်ကြောင်းမှာ လိုက်ပါချီတက်လာခဲ့တဲ့ ပုသိမ်မြို့ အမှတ် (၁) အထက်တန်းကျောင်းက ကျောင်းသူ မချောစုစံပုံ / Photo: Kyaw Lwin Oo/RFA
ဧရာဝတီတိုင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု စစ်ကြောင်းမှာ လိုက်ပါ ချီတက်လာခဲ့တဲ့ ပုသိမ်မြို့ အမှတ် (၁) အထက်တန်းကျောင်းက ကျောင်းသူ မချောစုစံကို မအူပင်မြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မိဘထံ ပြန်လည် အပ်နှံလိုက်ပါတယ်။

စာမေးပွဲ ဖြေဆိုရမှာ ဖြစ်တဲ့ အတွက် ပညာရေးမလစ် ဟင်းစေဖို့ မချောစုစံကို စစ်ကြောင်းမှာ ပါလာသူတွေ က ၀ိုင်းဝန်းတိုက်တွန်းပြီး ပြန်အပ်လိုက်တာလို့ ဧရာဝတီတိုင်း ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဝန်းရံကော်မတီဝင် ကိုဇော်ရမ်းက ပြောပါတယ်။

"သူကတော့စစ်ကြောင်းနဲ့ ဆက်လိုက်ချင် တယ်ပေါ့နော်၊ ဒါပေမယ့် စစ်ကြောင်းက တိုက်တိုက်တွန်းတွန်းနဲ့ စာမေးပွဲဖြေဖို့ဖျောင်းဖျ ပြီးတော့ မိဘတွေနဲ့ပြန်ထည့်ပေးလိုက်တာပါ၊ အပ်လိုက်တာကလည်း မအူပင်ခရိုင် ပညာရေးမှူးရယ်၊ မြို့နယ်ပညာရေးမှူးရယ် ကျနော်တို့ ခေါ်ပြီး အပ်လိုက်တာပါ၊ သတင်းစာရှင်းလင်းပွဲလည်း လုပ်လိုက်ပါတယ်၊ စစ်ကြောင်းက ဦးဆောင်ကော် မတီတက်တယ်၊ နောက် ဝန်းရံကော်မတီက ကျနော်တက်တယ်၊ တခြားကျောင်းသူ ကျောင်းသားတွေနဲ့ သူ့အဖေ ကိုအောင်ကျောင်သူရယ် နောက် သူ့အမေရယ် ၊ သူရယ်ပေါ့နော် တက်ပါတယ်၊ အားလုံက စုပေါင်းပြီးတော့ ပိုက်ဆံ ၅ သိန်းပေါ့နော်၊ သူ့ရဲ့ ပညာရေးနဲ့ သူ့ရဲ့လိုအပ်ချက်ပေါ၊့ သူတို့မိသားစု မှာလည်း ကျောင်းသားချည်းပဲ ၄ ယောက်ရှိတယ်ပေါ့နော်၊ သူကအကြီးဆုံး သူ့အောက်မှာ ကျောင်းသား ၃ ယောက်ရှိတော့ အဲ့ဒါကိုသူက မျက်ရည်ကျတယ်၊  ဒါကိုလိုချင်လို့လည်း လိုက်တာမဟုတ်ဘူး၊ သူ့ရဲ့ယုံကြည်ချက်နဲ့ စစ်ကြောင်းဂုဏ်သိက္ခာအတွက် သူ မယူပါဘူးပါရစေနဲ့လို့ ငြင်းပါတယ်"

ခရီးရှည်စစ်ကြောင်းမှာ လိုက်ပါလာတဲ့ ဆယ်တန်းကျောင်းသား (၄) ယောက်ကိုလည်း စာမေးပွဲဖြေဖို့ ပြန်လွှတ် လိုက်ကြောင်း၊ ကျန်တဲ့ ကျောင်းသားတွေကတော့ ပြင်ပက အလွတ်ဖြေဆိုမယ့် ကျောင်းသားတွေဖြစ်ကြောင်း လည်း ကိုဇော်ရမ်းက ပြောပါတယ်။

ဒီစစ်ကြောင်းမှာ မချောစုစံရဲ့ဖခင်လည်း လိုက်ပါလာခဲ့ပါတယ်။ မအူပင်ရောက်ရင် အိမ်ပြန်ခေါ်မယ်လို့ ကျောင်း ကုန်းမြို့အရောက်မှာ သပိတ်စစ်ကြောင်းနဲ့ ညှိနှိုင်းထားတာမို့ မချောစုစံကို ချော့မော့ဖျောင်းဖျပြီး ပြန်လည်အပ်နှံ လိုက်တာလို့ ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/hight-school-students-return-home-02082015222620.html

No comments:

Post a Comment